CHAPTER 301

7.3K 1.2K 46
                                    


Zawgyi ver..


ကျင့်ကြံရေးခန်းမ

ကျောင်းခွဲတစ်၏ အစည်ကားဆုံးနေရာနှစ်ခုမှာ ပြိုင်ပွဲကွင်းနှင့် ကျင့်ကြံရေးခန်းမဟုခေါ်သော နေရာတို့ဖြစ်သည်၊ ထိုနေရာတို့၏ လူစည်ကားမှုသည် မြို့တော်ဈေးများနှင့်ပင် ယှဉ်နိုင်လောက်သည် ။

ယူရှောင်မို ထိုနေရာနှစ်ခု၏တည်နေရာအား အနီးမှဖြတ်သွားသော စီနီယာကျောင်းသားအချို့ထံ မေးမြန်းလိုက်သည်၊ ၎င်းတို့ကလည်း လူသစ်များဖြစ်ကြောင်းရိပ်မိသောအခါ ခက်ခဲအောင်မလုပ်ပဲ နေရာနှစ်ခုအား အသာတကြည် ညွှန်ပြပေးလိုက်ကြလေ၏ ။

၎င်းကျောင်းသားအုပ်စု ဦးတည်နေသောအရပ်အား မြင်သောအခါ ယူရှောင်မို အံ့သြသွားရသည်၊ ယူရှောင်မိုတို့အား အဖြေပေးပြီးပြီးချင်း အလျင်အမြန်ထွက်သွားကြသဖြင့် တစ်စုံတစ်ခုအား စိတ်မရှည်ဖြစ်နေပုံလည်း ပေါ်သည် ။

" သူတို့လည်း ကျင့်ကြံရေးခန်းမဆီကို သွားကြမလို့ထင်တယ်နော်.. "

လင်းရှောင် ယူရှောင်မိုအား ပခုံးမှနေ၍ သိုင်းဖက်လိုက်သည် ။

" ဟိုမှာတစ်ခုခုပျော်စရာရှိလို့နေမှာပေါ့၊ ကိုယ်တို့လည်းသွားကြည့်ကြရအောင်လေ "

ထိုသို့ပြောပြီးနောက် ကျင့်ကြံရေးခန်းမဆီသို့ချီတက်လာကြရာ လမ်းတစ်ဝက်တွင် ထုံယွယ်ရွှီနှင့် ဖန်ချီယွင်းတို့နှစ်ယောက်နှင့် ဆုံမိလေသည်၊ ထိုနှစ်ယောက်လည်း ယူရှောင်မိုတို့အားမြင်သော် အံ့သြသွားကြပုံရသည်၊ ထို့နောက် ထုံယွယ်ရွှီမှ အသာခေါင်းငြိမ့်ဟန်ပြု၍ စတင်နှုတ်ဆက်လာသည် ။

" မင်းတို့နှစ်ယောက်ကိုမနေ့က တစ်နေ့လုံး မတွေ့မိဘူးနော်၊ ကျင့်ကြံရေးခန်းမဆီကို ဒီနေ့မှသွားကြမှာလား "

မနေ့ကကိစ္စကို စဉ်းစားမိသောအခါ ယူရှောင်မို မျက်နှာလေးရဲတက်လာတော့သည် ။

သို့သော် လင်းရှောင်မှာ သူ့ထက်အရေပိုထူသဖြင့် ဘာမှမဖြစ်သလို စကားဆက်ပြောလာ၏ ။

" မင်းတို့က သွားပြီးပြီပေါ့ "

ထုံယွယ်ရွှီ ခေါင်းငြိမ့်လိုက်သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now