CHAPTER 305

6.3K 1.2K 40
                                    

Zawgyi ver..



အနီရောင်အပိုင်းရှိ နောက်ဆုံးအခန်း






ယူရှောင်မို အခန်းသို့ပြန်ရောက်သည့်အခါ လင်းရှောင်ရှိနေလိမ့်မည်ဟု ထင်ခဲ့မိ၏၊ သို့သော် အခန်းအတွင်း မူးနောက်နေအောင် လှည့်ပတ်ရှာသော်လည်း လင်းရှောင်အား အရိပ်ပင်မတွေ့ရသောကြောင့် ဘေးအခန်းသို့ သွားမေးရန်ဆုံးဖြတ်လိုက်သည်၊ သို့သော် ထုံယွယ်ရွှီနှင့် ဖန်ချီယွင်းတို့လည်း နေရာ၌ မရှိကြပေ ။

ထို့ကြောင့် အခန်းတွင်းသို့ပြန်လာကာ စဉ်းစားနေစဉ် အပြင်ဘက်မှ တစ်စုံတစ်ယောက် ပြန်ရောက်လာသည့် ခြေသံများအား ကြားလိုက်ရသည်၊ ယူရှောင်မို အိပ်ခန်းအတွင်းမှ ပြေးထွက်လာကာ အခန်းတွင်းသို့ဝင်ရောက်လာသော လင်းရှောင်အားမြင်သဖြင့် အလောတကြီး မေးမြန်းလိုက်လေတော့၏ ။

" ဘယ်တွေသွားနေတာလဲ "

" ကိုယ်လား.. ဈေးသွားရောင်းနေတာလေ.. "

" ... ...  မဖြစ်နိုင်တာ.. ခင်ဗျားကိုပေးခဲ့တာ ဆေးလုံး ငါးဆယ်တောင် မရှိပါဘူး၊ အဲ့ဒါလည်း လွန်ခဲ့တဲ့သုံးရက်က . .  မဟုတ်မှ! . . သုံးရက်လုံးလုံးရောင်းနေတာတောင် အခုထိ မကုန်သေးတာလား "

လင်းရှောင်မှ ပြန်ဖြေသည် ။

" ပထမအချက် ဒါကျောင်းခွဲနှစ်မဟုတ်ဘူး၊ ဒုတိယ . . မင်းရဲ့ဆေးလုံးတွေက နာမည်မကြီးသေးဘူးလေ.. အဲ့တော့ ဝယ်သူတွေနည်းနေဦးမှာပဲ၊ တတိယက  ကျောင်းခွဲတစ်ကလူတွေက ကျင့်ကြံဖို့ပဲစိတ်အားထက်သန်ကြတာ.. အဲ့တော့ ဈေးတန်းထဲမှာ ကျောင်းခွဲနှစ်ကလောက် လူမစည်ကားဘူး "

လင်းရှောင်ပြောသည်မှာလည်း အဓိပ္ပါယ်တော့ရှိသည်ဟု ယူရှောင်မို ခံစားမိလိုက်သည်၊ ယခင်က သူ့ဆေးလုံးများအား အလုံးအရင်းနှင့် ချက်ချင်း ရောင်းနိုင်ခဲ့သည်မှာ ရုန်ရွှမ်းနှင့် ချင်ကျန်းတို့၏ ကျေးဇူးကြောင့်သာဖြစ်သည်၊ ယခုလည်း အဖိုးအိုနှင့် သူ၏ဆက်ဆံရေးကြောင့် ကျောင်းခွဲတစ်၌ လူသိများသည်မှန်သော်လည်း သူ၏ထုတ်ကုန်များအား ဝယ်ယူချင်သူ နည်းပါးလှသည်၊ ကြည့်ရသည်မှာ ကျောင်းခွဲတစ်၌ သူ၏ဆေးလုံးရောင်းအားသည် အခြေအနေနှင့် အချိန်အခါပေါ်လိုက်၍ ကွဲပြားခြားနားပုံပေါ်လေသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now