CHAPTER 260

8.9K 1.6K 214
                                    

Zawgyi ver..




တရားဝင် ဆရာတပည့်အဖြစ် သတ်မှတ်ခြင်း ..







ဆရာမနင်ကျင်း ထွက်သွားသောအခါ လင်းရှောင်မှ ယူရှောင်မိုအား စကားစလေသည် ။

" သူမင်းကို ကျောက်စိမ်းစာလိပ်တစ်ခု ပေးထားတယ်မလား.. အဲ့ထဲမှာ  အဖိုးကြီးအကြောင်းလေး ဘာလေးများ ပါမလားလို့ ထုတ်စစ်ကြည့်ပါလား? "

" အိုး ဟုတ်သားပဲ .. ကျွန်တော် မေ့တော့မလို့! "

ယူရှောင်မို သတိရသွားပြီးနောက် ကျောက်စိမ်းစာလိပ်အား မဆိုင်းမတွ ထုတ်ယူလိုက်သည်၊ ဝိဥာဉ်စွမ်းအား အနည်းငယ် အသုံးပြုလိုက်ရုံဖြင့်ပင် ၎င်းစာလိပ်အတွင်းမှ အကြောင်းအရာများအား မိမိမှတ်ဥာဏ်အတွင်းသို့ ကူးယူနိုင်၏၊ ထို့နောက် လင်းရှောင်ထံသို့ စာလိပ်အား လှမ်းပေးလိုက်သည် ။

၎င်းစာလိပ်အတွင်း၌ အဆင့်မြင့် မှော်ဆရာအားလုံး၏ ကိုယ်ရေးအကျဉ်းအား ပြည့်ပြည့်စုံစုံ ဖော်ပြထားရုံမျှမက အခြား ဆရာများအကြောင်းကိုလည်း အနည်းငယ်စီ ထည့်သွင်း ဖော်ပြထားကာ အချက်အလက်များမှာ အထူးပြည့်စုံလှပေသည် ။


အချက်အလက်များအပြင် ၎င်းစာလိပ်အတွင်း၌ မှော်ဆရာအများစု၏ ပုံတူပန်းချီများ ပါဝင်၏၊ ယူရှောင်မိုသည် မိမိ၏ မှတ်ဥာဏ်များအား အသေအချာ ပြန်ဖော်ကြည့်ပါသော်ငြား အဖိုးအိုနှင့် တူသော ပန်းချီပုံ တစ်ခုမျှ ရှာမတွေ့ပါချေ၊ ထို့ပြင် ၎င်းစာလိပ်အတွင်း၌ ဖော်ပြထားသော အမြင့်ဆုံးအဆင့်မှာ အဆင့်ကိုး ဖြစ်သည်၊ အဖိုးအိုသည် သူ့ကိုယ်သူ အဆင့်တစ်ဆယ်ဟု ပြောခဲ့သော်ငြား ဤစာလိပ်အတွင်း၌ အဆင့်တစ်ဆယ်နှင့် ပတ်သက်၍ မြူမှုန်တစ်မှုန်လေးတောင်မျှ မပါပေ ။

" အဲ့ဒီ သက်ကျားအိုကြီး ကျွန်တော့ကို လိမ်နေတာ မဖြစ်နိုင်ဘူးလား? "

သက်သေများအရ ယူရှောင်မို သံသယမဝင်ပဲ မနေနိုင်တော့ပါချေ ။

" သူမင်းကို မလိမ်ဘူး .. သူက တကယ် အဆင့်တစ်ဆယ် မှော်ဆရာပဲ.. "

လင်းရှောင်မှ ပြန်ဖြေသည်၊ ၎င်းအဖိုးအိုသည် သူ၏ အဆင့်အား လျှို့ဝှက်နက်နဲစွာ ဖုံးကွယ်ထားသော်ငြား ၎င်းတို့ ဆုံတွေ့စဉ် တစ်ခဏ၌ပင် လင်းရှောင်မှ ချက်ချင်းတန်း၍ ဖောက်ထွင်းမြင်နိုင်ခဲ့သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now