CHAPTER 282

7K 1.3K 54
                                    

Zawgyi ver..

ဒီဟာကြီးကအရသာလည်းမရှိဘူး!






နောက်တစ်နေ့တွင် အရည်အချင်းစစ်စာမေးပွဲ၏ ဒုတိယအဆင့်ပြိုင်ပွဲ စတင်လေသည် ။

အဆောင်မှမထွက်မီတွင် ယူရှောင်မိုသည် လှောင်ချိုင့်အတွင်း တစ်ညလုံး သော့ခတ်ထားသော ဖီချိုနှင့် ကြောင်ဘောလုံးတို့အား လွှတ်ပေးလိုက်သည်၊ ၎င်းတို့နှစ်ကောင်သည် လွတ်မြောက်သွားသော်လည်း ဘာပြဿနာမှ ထပ်ရှာရဲတော့မည်မဟုတ်ပေ၊ ယူရှောင်မို၏ အမျိုးမျိုးခြိမ်းခြောက်မှုများအောက်တွင် ၎င်းတို့နှစ်ကောင် နောက်ထပ်လျှောက်မပြေးတော့ပါဟု အထပ်ထပ် အာမခံခဲ့ရသည်လေ ။

သို့သော်လည်း ယူရှောင်မို ၎င်းတို့အား စိတ်မချနိုင်သေးပါ၊ ထို့ကြောင့် အပြင်မသွားမီတွင် မောင်ချိုအား ၎င်းတို့နှစ်ကောင်ကို ကြည့်ရှုထားပေးပါရန် မှာကြားပြီးမှသာ လင်းရှောင်နှင့်အတူ စိတ်ချလက်ချ အပြင်ထွက်နိုင်တော့သည်၊ ရှယ်ချိုနှင့် ရှောင်ဟေးထက်စာလျှင် မောင်ချိုက ပို၍ ပြောလို့ဆိုလို့ကောင်းသည်လေ ။



မနေ့ကပြိုင်ပွဲ၌  အင်အားကြီးကျောင်းသားများ အတော်များများ ရှုံးနိမ့်သွားခဲ့ရသော်လည်း ယနေ့ပြိုင်ပွဲအား လာရောက်ကြည့်ရှုသည့် ပရိတ်သတ်မှာ မနေ့ကကဲ့သို့ များပြားနေဆဲပင် ဖြစ်သည် ။


၎င်းတို့နှစ်ယောက် ပြိုင်ပွဲကွင်းသို့ ရောက်သောအခါ ယူရှောင်မိုသည် လင်းရှောင်ထိုင်ရမည့် နေရာ၌ ဝင်ထိုင်လိုက်သည်၊ လင်းရှောင်မှာမူ ဒုတိယအချီ၌ မိမိနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည့်သူအား မဲနှိုက်ရွေးချယ်ရမည်ဖြစ်သဖြင့် အခြားပြိုင်ပွဲဝင်ဆယ့်ကိုးယောက်နှင့်အတူ စင်မြင့်ပေါ်သို့ တက်သွားလေသည်၊ လင်းရှောင်သည် မနေ့ကပြိုင်ပွဲတွင် ပထမရရှိခဲ့သဖြင့် အရင်ဆုံး မဲနှိုက်ရမည်ဖြစ်သည် ။



လင်းရှောင်၏အရှေ့တွင် သူ့နာမည်အပါအဝင် အခြားပြိုင်ပွဲဝင်များ၏ နာမည်ကဒ်ပြားများ ထည့်ထားသော မဲပုံးတစ်ခုရှိသည်၊ အကယ်၍ သူသာ ကံဆိုးစွာ ကိုယ့်နာမည်ကိုယ် ပြန်နှိုက်မိလျှင်တော့ နောက်တစ်ကြိမ် အခွင့်အရေးရှိတော့မည် မဟုတ်ပေ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now