CHAPTER 287

7.3K 1.3K 70
                                    




Zawgyi ver..



ကမ္ဘာ့ မြေဆွဲအားခန်းမ




အကြီးအကဲငါးသည် လူအုပ်အရှေ့သို့ထွက်လာကာ ပြိုင်ပွဲဝင်များအားလုံးအပေါ် အေးစက်သောအကြည့်တစ်ချက်ဖြင့် လွှမ်းခြုံလိုက်ရင်း ပြောလေသည် ။

" လူစုံနေပြီဆိုတော့ ကျွန်တော် စည်းမျဉ်းတွေကြေညာပါတော့မယ် သေသေချာချာဂရုစိုက်နားထောင်ပေးကြပါခင်ဗျာ "






ယခုနှစ် စစ်ဆေးမှုသည် မနှစ်ကနှင့်မတူ ကွာခြားသည်၊ မှော်ဆရာ၏ ဝိဥာဉ်အား စစ်ဆေးခြင်းပင်ဖြစ်သော်လည်း တန်းခွဲတစ်ကျောင်းသားများကိုသာ လေ့ကျင့်ပေးလေ့ရှိသည့် နည်းလမ်းတစ်မျိုးအား အသုံးပြုမည်ဖြစ်သဖြင့် တန်းခွဲနှစ် ကျောင်းသားများအားလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်သည် ။

ယခုဒုတိယအဆင့်အား ကမ္ဘာ့မြေဆွဲအားခန်းမဟု ခေါ်သည့် ကျောက်သား ဂူတစ်ဂူထဲတွင် ကျင်းပမည်ဖြစ်သည်၊ ၎င်းဂူအား သာမန်ကျောက်စိုင်ကျောက်သားများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ အနက်ရောင်ရှိသော ကမ္ဘာမြေဆွဲအားကဲ့သို့ ဖိအားတစ်မျိုး  ထုတ်လွှတ်ပေးနိုင်သည့် ကျောက်သားတစ်မျိုးဖြင့် ပြုလုပ်ထားသည်၊ ၎င်းဖိအားသည် ကျင့်ကြံသူများကိုသာမက မှော်ဆရာများကိုပါ သက်ရောက်စေပြီး ထိုဂူအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ၎င်းတို့အပေါ် အလွန်ကြီးမားသော ဖိအားတစ်မျိုးက ဖိနှိပ်နေသကဲ့သို့ ခံစားလာရမည် ဖြစ်သည် ။



အနိုင်ရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ထိုဂူအတွင်းတွင် ကြာနိုင်သမျှ ကြာကြာနေရန်ပင် ။



" ဒါဆိုရင် အားလုံးပဲ ဒုတိယအဆင့်အကြောင်း နားလည်လောက်ပြီလို့ထင်ပါတယ် ကျွန်တော့်အနောက်မှာကတော့ ယခု ဒုတိယအဆင့်ကို ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့မြေဆွဲအားခန်းမရှိပါတယ် ခဏနေရင် ပြိုင်ပွဲဝင်အားလုံးကို နေရာရွှေ့ပြောင်းရေး ကျောက်တုံးလေးတွေ တစ်တုံးစီဝေပေးပါမယ် အထဲမှာရှိတဲ့ ဖိအားကိုမခံနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန် အဲ့ကျောက်တုံးကိုဖိချေလိုက်ရင် သူက အပြင်ကိုပြန်ရွှေ့ပေးပါလိမ့်မယ် "




The Legendary Master's Wife (Myanmar Translation)Where stories live. Discover now