CHAPTER 243

9K 1.5K 92
                                    





















Zawgyi ver.



ရှောင်ယွီက တပည့် ဖြစ်ချင်တယ် 🐾


















ယူရှောင်မို၏ စကားတစ်ခွန်းနောက်တွင် အတန်းထဲရှိလူအများ၏ တီးတိုးပြောဆိုသံများ တမဟုတ်ချင်း ဆူညံစွာ ထွက်ပေါ်လာလေတော့၏။

သူ၏ စကားတစ်ခွန်းသည်ပင် ထန်းဇီရှင်း၏ ဂုဏ်သတင်းအား နှိပ်ကွပ်ပစ်ရန် လုံလောက်ပေသည်။

ထန်းဇီရှင်းသည် အသက်၁၆နှစ်တွင် အဆင့်၎ သို့ရောက်ရှိခဲ့ပြီး နှစ်နှစ်ကြာသော် အဆင့်၅သို့ တက်လှမ်းနိုင်ခဲ့လေသည်။ ထိုအမြန်နှုန်းသည် သာမာန်လူများနှင့် ယှဉ်လျှင် ကောင်းကင်ဘုံ၏ အလိုကိုပင် ဆန့်ကျင်နေသေးတော့၏။ သူမနှင့် ယှဉ်ပြိုင်နိုင်သူ မည်သူတစ်ဦးတစ်ယောက်မျှမရှိပေ၊ သို့သော် ထိုအရာသည် ယူရှောင်မို ပေါ်မလာသေးခင်အထိသာ .. ။

နှစ်နှစ်အတွင်း အဆင့်တက်နိုင်ခြင်းသည် အလွန်ပင် ထူးချွန်လှပေ၏။ သို့သော် ယူရှောင်မိုကဲ့သို့ တစ်နှစ်ခွဲအတွင်း အဆင့်လေး အဆင့်နိမ့်မှ အမြင့်ဆုံးအဆင့်သို့ တက်နိုင်ခြင်းနှင့် ယှဉ်လျှင် ကွာခြားမှုမှာ ကြီးမားလှ၏။ ရှင်းရှင်းပြောရလျှင် ထန်းဇီရှင်းသည် ယူရှောင်မို့ခြေဖဝါးအောက်တွင် ဖိချေ ခံလိုက်ရခြင်း!



လူပေါင်းရာကျော်ခန့်သည် အပြီးတိုင် ဆွံ့အ နေပေသည်။ ၎င်းတို့၏မျက်လုံးအကြည့်များသည် ယူရှောင်မိုပေါ်တွင် ထိတ်လန့်မှု၊ အံ့သြမှုတို့ဖြင့် မရွေ့မရှား။ ဤ အလားအလာ နှုန်းထားသည် လုံးဝကို အထူးချွန်ဆုံး၊ အကောင်းဆုံး၊ တောက်ရှင်းအကယ်ဒမီ၏ သမိုင်းတွင်ပင် တစ်ဦးတည်းသာ ရှိနိုင်ပေသည်။

ရှေ့ဆုံးတန်း၌ ထိုင်နေသော ချိုင်ကျွင်းသည် ဒေါသအား တံတွေးမျိုချခြင်းဖြင့်သာ ထိန်းချုပ်နေရလေသည်။ ထို့အပြင် ယူရှောင်မိုအား အပြင်းအထန် စိုက်ကြည့်နေသေး၏။ သူသည် များသောအားဖြင့် ဦးနှောက်မရှိသော်ငြား ယခုအခြင်းအရာသည် မည်မျှ ကြောက်ဖို့ကောင်းသည်အား နားလည်ပေသည်။ လုံရှန့်ပြည်၏ တစ်ဦးတည်းသော မှော်ဆရာ, အမြင့်ဆုံး အဆင့်တွင် ရှိသူ, ချိုရန် ၏ အလားအလာသည်ပင် ယူရှောင်မိုနှင့်ယှဉ်လျှင် ဘယ်ဆီနေမှန်း မသိနိုင်ပါချေ။


The Legendary Master's Wife (Myanmar Translation)Where stories live. Discover now