CHAPTER 259

8.5K 1.5K 65
                                    


Zawgyi ver..









အတူတကွ ပေါင်းစည်း နေထိုင်ခြင်း .. ..











ယူရှောင်မို၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် အနည်းငယ်တော့ နီးစပ်ပေသည်။








လင်းရှောင်သည် ယူရှောင်မိုနှင့် အတူနေထိုင်နိုင်ရန် အခွင့်အရေး  ရရန်အတွက် အင်အားအမြောက်အမြား စိုက်ထုတ်ခဲ့ရပေသည် ။


သူ၏ လတ်တလော လုပ်ရပ်များမှာ သက်သေပင်..၊ လင်းရှောင်သည် သူ့အထက်ရှိ အတော်ဆုံး ကျောင်းသားများအား လောင်းကြေးမြင့်မြင့်ထား၍ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်၊ သို့သော်လည်း အဆုံး၌ သူနှင့် ယှဉ်ပြိုင် တိုက်ခိုက်မည့်သူ မရှိခဲ့၊ ၎င်းသည် တန်းခွဲတစ်အတွင်း၌ အလိုအလျှောက် နားလည်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်လာခဲ့ပြီး သူ့ဘက်မှ စတင်စိန်ခေါ်လိုက်တိုင်းလည်း လူတိုင်းမှာ တံခါးပိတ် ကျင့်ကြံနေသည်ဟု တစ်ပုံစံတည်း အကြောင်းပြလာကာ ငြင်းဆန်ခဲ့ကြ၏ ။


ထိုအချိန်မှစ၍ တန်းခွဲတစ်အတွင်း၌ လင်းရှောင်၏ ဂုဏ်သတင်းသည် နာမည်ဆိုးနှင့်အတူ စတင်ကျော်ကြားလာခဲ့သည် ။














ယူရှောင်မိုမှာ ဈေးဆိုင်သို့သွားကာ ဆေးရောင်းရန် ကြံစဉ်ထားခဲ့သော်လည်း လင်းရှောင်မှ သူ့အား ပြန်ပေးဆွဲကာ အခန်းပြောင်းရွှေ့ရေး ကိစ္စများ ပြုလုပ်ရန် ဟုဆိုကာ အကြီးအကဲဝမ်ဆီသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်၊ တစ်ယောက်နေ အဆောင်နှင့် နှစ်ယောက်နေ အဆောင်အတွင်း၌ ပါဝင်သော စိတ်စွမ်းအင်ပမာဏသည် အတူတူပင်ဖြစ်၏၊ ထို့ကြောင့် တစ်ရက်လျှင် ဆယ်မှတ်သာ ကျသင့်ရန် ခြွေတာသည့်အနေဖြင့် တစ်ယောက်နေအဆောင်အား နှစ်ယောက်စုငှါးကာ အတူတကွ နေထိုင်ကြသော ကျောင်းသားများလည်း ရှိတတ်ပေသည် ။

(တစ်ယောက်နေအဆောင် 12မှတ်, နှစ်ယောက်အဆောင် 20မှတ်)






လင်းရှောင်နှင့် ပတ်သက်သည့် ကောလာဟလများသည် အကြီးအကဲဝမ်နားသို့ ရောက်ရှိပြီးဖြစ်သည်၊ ထို့ကြောင့် လင်းရှောင်၏ ခရမ်းကဒ်အား မထုတ်ပြရသေးမီပင် အကြီးအကဲမှ စကားဖြတ်ပြောလေ၏ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now