CHAPTER 270

8.5K 1.7K 163
                                    



Zawgyi ver...










ထူးဆန်းသော သက်ကြားအိုကြီး










ကြောင်ဘောလုံး.. ကြောင်ဘောလုံး.. ဘယ်လိုလုပ် မလိုက်ဖက်ဘဲ နေမတဲ့လဲ!?


၎င်းသည် ယူရှောင်မို၏ ဘောလုံးအသင်းဝင် ဖြစ်လာရန်အတွက် တမင် ဖန်ဆင်းထားသကဲ့သို့ပင် ။







နှစ်ယောက်အတူ လမ်းလျှောက်လာရင်း ယူရှောင်မိုသည် လင်းရှောင်အား ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောပြနေ၏၊ ထန်းဇီရှင်းသည် ချိုရန်၏ တပည့်ဖြစ်ကြောင်း  ပြောပြလိုက်သောအခါ လင်းရှောင်သည်ပင် အနည်းငယ် အံ့သြသွားရ၏၊ ကံကြမ္မာ၏ စီစဉ်မှုသည် သံသယဝင်စရာပင် ကောင်းလှပေ၏ ။

သို့သော် ထန်းဇီရှင်း၏ မိသားစု နောက်ခံအင်အားနှင့် ဆိုလျှင်တော့ အဆင့်ကိုး သို့ တစ်ဆယ်ရှိသော မှော်ဆရာတစ်ဦးဦးကိုသာ သူမ၏ ဆရာအဖြစ် တင်မြှောက်လိမ့်မည်မှာ သဘာဝ ကျပေသည် ။




အဆင့်ကိုး မှော်ဆရာများသည် ထောင်သောင်းမကရှိသော မှော်ဆရာများ အကြား၌ ထိပ်တန်းစာရင်းဝင် ဖြစ်သော်ငြား ထန်းအိမ်တော်အတွက်မူ ထိုမျှ မရှားပါးပါချေ၊ အဘယ်ကြောင့်ဆိုသော် ထန်းအိမ်တော် မိသားစု အတွင်း၌လည်း အဆင့်ကိုး မှော်ဆရာများ အသီးသီး ရှိကြ၏၊  ထိုကြောင့် အိမ်တော် သခင်မလေး ထန်းဇီရှင်း၏ ဆရာသည် ဤလုံရှန်းပြည်၌ အဆင့်တစ်ဆယ်ရှိသော ထိပ်တန်း မှော်ဆရာ  ချိုရန်သာ ဖြစ်သင့်ပေတော့သည် ။



သို့သော်လည်း ထိုကိစ္စသည် ယူရှောင်မိုအတွက် စိတ်ဝင်စားစရာ မဟုတ်ပါချေ ။




သူ အာရုံရနေသည်မှာ ထန်းဇီရှင်းသည် သူ့အား နောက် ခြောက်လအတွင်း လုံးဝ တွေ့ချင်လိမ့်မည် မဟုတ် ဟူ၍..၊ အကြောင်းအရင်းမှာ ပြောနေစရာပင် မလိုပေ ။






၎င်းတို့နှစ်ယောက်၏ သာမာန် အတန်းဖော် ဆက်ဆံရေးမှ ရှစ်ကျီနှင့် ရှစ်ရှူ ( ဆရာတူ ဦးလေးနဲ့ ဆရာတူ တူမလေး) ဆက်ဆံရေးသို့ ပြောင်းလဲသွားသည့် အကြောင်းအား စဉ်းစားမိတိုင်း ယူရှောင်မို အားရပါးရ အော်ရယ်ပစ်ချင်လှ၏ ။







The Legendary Master's Wife (Myanmar Translation)Where stories live. Discover now