CHAPTER 241

8.7K 1.5K 70
                                    






Zawgyi ver...








လူသစ်လေး၏ ပထမဆုံး စာသင်ခန်း ...





ယူရှောင်မိုသည် လာဘ်တိတ်စေသော ဆိုင်ခန်းတွင် ရှိနေသောကြောင့် ဈေးဝယ်သူတစ်စုံတစ်ဦး ရောက်လာရန်မှာ ထိုမျှလောက် မလွယ်ကူပေ။ ထို့ကြောင့် ဤဖြစ်ရပ်သည် ပတ်ဝန်းကျင်ရှိ လူများကိုသာမက ယူရှောင်မိုကိုပါ အကြီးအကျယ် မှင်သက်အံ့သြသွားစေ၏။







ထို့နောက်မှ ယူရှောင်မိုသည် အသိစိတ်ပြန်ဝင်လာပြီး သူ၏ရောင်းကုန်ပစ္စည်းများအကြောင်း စတင်မိတ်ဆက်လေသည်။



" ဒါတွေက နှစ်မှတ်တန် ဟော့ရွှီဆေးတွေပါ..

ပီးတော့ ဒါက သုံးမှတ်တန် ယွန်ယန်ဆေးနဲ့ ဒီဘက်က ကျန်းယန်ဆေးတွေကတော့ လေးမှတ်ပါခင်ဗျ "




ယူရှောင်မိုရှင်းပြပြီးသောအခါ ဓားရှည်နှင့်လူသည် ယွန်ယန်ဆေးပုလင်းအား ကိုင်၍ သေချာစွာ ကြည့်ရှုစစ်ဆေးကာ ပုလင်းအား စားပွဲပေါ်ပြန်တင်လိုက်လေသည်။

" တခြားဆိုင်တွေထက်စာရင် မင်းရဲ့ဆေးလုံးတွေက အရည်အသွေးပိုကောင်းပြီးတော့ ဈေးကလည်း ပိုနိမ့်နေသေးတယ်နော်.. ဒီဈေးနှုန်းနဲ့သာဆိုရင် မင်းအရှုံးပေါ်တော့မှာ မဟုတ်ဘူးလား?  "


ယူရှောင်မိုလည်း ပြုံးပြကာ ပြန်ဖြေလေသည်။

" ဒီနေ့က ဆိုင်စဖွင့်တဲ့နေ့မို့လို့  တမင်လျှော့ရောင်းနေတာပါဗျ "


ထိုအခါ တစ်ဖက်လူသည်လည်း အနည်းငယ်ပြုံးလိုက်ပြီး

" ဟုတ်ပါပြီ ဟုတ်ပါပြီ... အဲ့ဒါဆိုလည်း ဒီဈေးနှုန်းကိုလက်ခံပါတယ်၊ အခု မင်းဆီမှာ ဆေးလုံး ဘယ်လောက်များများရှိသလဲ ? "

တစ်ဖက်လူ၏ အပြုအမူများသည် လွန်စွာမှ သိသာလွန်းနေသည်၊ ထိုလူသည် သေချာပေါက် ဆေးတစ်လုံး နှစ်လုံးသာ ဝယ်မည့်သူမျိုးမဟုတ်။

တစ်ဖက်လူဘေးရှိ အတူပါလာသောလူသည် ယူရှောင်မို၏အတွေးများအား ရိပ်မိဟန် တူသည်၊ ထို့ကြောင့် ဆေးပုလင်းအား ကိုင်၍ အခြေအနေအား ရှင်းပြလေ၏။


The Legendary Master's Wife (Myanmar Translation)Where stories live. Discover now