CHAPTER 284

6.9K 1.3K 26
                                    


Zawgyi ver..


အရည်အသွေးမြင့်မှော်ဆေးလုံးဆိုတာ..







အရိုးကြီးထွားဆေး ဖော်စပ်ရန် လိုအပ်သော ဆေးပင်သုံးဆယ်လုံးသည် ယူရှောင်မို့လက်ချက်ဖြင့် ဆေးအိုးအတွင်းသို့ တစ်ပြိုင်တည်း ပစ်ထည့်ခံလိုက်ရလေသည် ။


သူသည် ဆေးဖော်နေစဉ်အတွင်း မည်သို့ အလုပ်များစွာအား တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည်ကို အဖိုးအိုထံမှ သင်ကြားထားပြီးဖြစ်ရာ ယခု ဆေးပင်ဆယ်ပင်ကိုပင် အမှားအယွင်းမရှိ တစ်ပြိုင်နက်တည်း သန့်စင်နိုင်နေပြီဖြစ်သည် ။

သို့တိုင် သူ၏အပြုအမူများသည် ပွဲကြည့်ပရိတ်သတ်များနှင့် အကြီးအကဲများအား အံ့သြမှင်တက်စေမြဲဖြစ်သည်၊ မည်သည့်ဆေးလုံးပင်ဖြစ်ပါစေဦးတော့ ဤအသက်အရွယ်၌ ဆေးပင်အားလုံးအား ဆေးအိုးထဲသို့ မျက်နှာတစ်ချက်မပျက်ပဲ ပစ်ထည့်နိုင်ခြင်းသည် ရဲတင်းလွန်းရာကျပေသည်၊ သွမ့်ချီထျန်မှ ၎င်းအား တပည့်အဖြစ်ခေါ်ယူသည်မှာ မထူးဆန်းတော့ပါချေ  ။

ဆေးပင်များအား ဆေးအိုးထဲထည့်ပြီးနောက် ယူရှောင်မို ဆေးဖော်ရန်စတင်တော့သည် ။

အဖိုးအိုမှ ဝိဥာဉ်စွမ်းအားဖြင့် ဆေးဖော်ရန် သင်ပေးထားပြီးကတည်းက ယူရှောင်မို လေ့ကျင့်လျှင်တောင်မှ သူ၏လက်များအား မသုံးတော့ပေ ။

မှော်ဆေးပင်သုံးဆယ်သည် ယူရှောင်မို၏ ထိန်းချုပ်မှုအောက်တွင် အရောင်ပေါင်းစုံရောစပ်နေသော ဆေးရည်များအဖြစ်သို့ တဖြည်းဖြည်း ပျော်ကျသွားလေသည်၊ သူ့ဝိဥာဉ်၏ အင်အားဖြင့် ထိုဆေးရည်အတွင်းရှိ အညစ်အကြေးများအား အပြင်သို့ တဖြည်းဖြည်းချင်း စစ်ထုတ်နေသည်၊ အရည်အသွေးမြင့်သော ဆေးပင်များဖြစ်ကြသောကြောင့် အညစ်အကြေး များများစားစားတော့ မပါဝင်ပေ ။

အဆင့်ခြောက်အဆင့်မြင့်ဆေးပင်များ၏ ကြေးချွတ်ခံနိုင်စွမ်းသည် များသောအားဖြင့် သုံးလေးကြိမ်ထက် မပိုတတ်..၊ အဆင့်ငါးဆေးပင်များလျှင်ပင် လေးကြိမ်ခန့်သာ သန့်စင်ရန်လိုသည် ။


The Legendary Master's Wife (Myanmar Translation)Where stories live. Discover now