CHAPTER 268

8.2K 1.6K 211
                                    

Zawgyi ver..








ချိုရန်





ယူရှောင်မိုသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အဖိုးအို၏ အကြောင်းများအား ဆက်တိုက် စဉ်းစားနေမိကာ စဉ်းစားလေ ထူးဆန်းလေ ဖြစ်လာသောကြောင့် ပိုင်လီရှောင်ယွီအား အဖိုးအို၏ အကြောင်းများအား စုံစမ်းပေးပါရန် အကူအညီ တောင်းထားခဲ့သည် ။

ပိုင်လီအိမ်တော်သည် ကျောင်းတော်အတွင်း၌ အတော်လေး လွှမ်းမိုးမှုရှိသောကြောင့် ၎င်းတို့အား စုံစမ်းခိုင်းခြင်းသည် မိမိကိုယ်တိုင် စုံစမ်းခြင်းထက် ပိုကောင်းမည်ဟု ယူရှောင်မို တွေးမိသည် ။

သို့သော် အဖိုးအိုသည် သာမာန်ဖြစ်တည်မှုမျိုး မဟုတ်သဖြင့် ပိုင်လီအိမ်တော်ပင်လျှင် သူ၏အကြောင်းအား စုံစမ်းရန် ရက်အတော်ကြာ အချိန်ယူခဲ့ရသည်၊ အကယ်၍ ၎င်းအဖိုးအိုသာ သူ့အား မဆက်သွယ်လာပါက ယူရှောင်မို ထိုကိစ္စအား လုံးလုံး အမှတ်ရလိမ့်မည် မဟုတ် ။

လမ်း၌ ယူရှောင်မိုသည် ရှောင်ယွီပေးလိုက်သော စာလိပ်အား ဖတ်ရင်း မျက်မှောင်ကြုပ်နေတော့သည်၊ ၎င်းမျက်မှောင်ကြုပ်နေသည်အား မြင်သော် လင်းရှောင်သည် ယူရှောင်မို့ လက်ထဲမှ စာလိပ်အား လှမ်းယူ၍ အလျင်အမြန် ဖတ်ကြည့်လိုက်သည် ။

" ထင်တဲ့အတိုင်းပဲ .. အဖိုးကြီးက အဲ့လောက် မရိုးရှင်းဘူးပဲ.. "

" အဲ့အဖိုးကြီး သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး .. ပီးတော့  အဲ့လိုဆရာမျိုး တစ်ယောက်ရှိထားရင် ဒုက္ခကလဲ သေးမှာမဟုတ်ဘူး "

ထိုစာလိပ်အား ဖတ်ပြီးနောက် ယူရှောင်မိုသည် တစ်ခုမှ အကောင်းမမြင်တော့ပေ၊ ထိုအဖိုးအိုအားလည်း သူ့အတွက် ကပ်ဆိုးတစ်ခုဟုသာ မြင်နေတော့သည် ။



အဖိုးအို၏ အမည်မှာ သွမ့်ချီထျန်ဖြစ်သည်၊ သူသည် အလွန် အသက်ကြီးနေပြီဖြစ်ရာ သူ၏ အသက်အမှန်အား မည်သူမျှ မစုံစမ်းနိုင်ကြပေ ။

သူသည် တောက်ရှင်းအကယ်ဒမီ၏ နာယကရှစ်ဦး၌ တစ်ဦးအပါအဝင် ဖြစ်ပြီး အခြား ခုနစ်ဦးမှာ ကျောင်းအုပ်၊ ဒုကျောင်းအုပ်နှင့် အကြီးအကဲ ငါးဦးတို့ ဖြစ်သည်၊ သို့သော်လည်း သွမ့်ချီထျန်သည် တစ်နှစ်ပတ်လုံး ကျောင်းပြင်ပ၌ လျှောက်သွားနေတတ်သူဖြစ်ပြီး စိတ်ကူးပေါက်မှသာ ကျောင်းတော်သို့ ပြန်လာတတ်သည်၊ ထို့အပြင် သူပြန်လာတိုင်းလည်း ကျောင်းတော်အား တစ်ခုမဟုတ်တစ်ခု ဗြောင်းဆန်အောင် မွှေတတ်သေးသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now