CHAPTER 317

6.1K 1K 31
                                    


Zawgyi ver..






ငါးပျံဂိုဏ်း 🌊🐬



ယူရှောင်မိုတို့နှစ်ယောက် တောနက်ထဲသို့ ပြေးဝင်လာခဲ့ကြသည်၊ အခြားပြိုင်ပွဲဝင်များမှာ ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ် လမ်းခွဲသွားကြသဖြင့် ပူးပေါင်းမလုပ်ဆောင်ချင်သော မိမိတို့အဖို့ ၎င်းတို့နှင့် ခွဲထွက်ရသည်မှာ လွယ်ကူခဲ့သည်၊ မှော်ဝင်သားရဲများ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများသည် အဆုံးမရှိသောတောအုပ်အတွင်း မကြာမကြာ ပျံ့နှံ့လာတတ်ပေသည် ။

ယူရှောင်မို သစ်ပင်ကြီးတစ်ပင်အောက် ရပ်နေရင်း သက်ပြင်းတစ်ချက် ချမိသည်၊ သူသည် ယခုလေးတင် လင်းရှောင်ပြေးသည့် အရှိန်နှုန်းအတိုင်း ဆွဲခေါ်ခံလာရခြင်းဖြစ်သည်၊ ၎င်းတို့ ယခုရောက်ရှိနေသောနေရာသည် ကျောင်းတော်နှင့် မီတာများစွာကွာဝေးနေပြီဖြစ်ပြီး အတိအကျတွက်ကြည့်လျှင် တစ်ဆယ်ကီလိုမီတာ (မီတာတစ်သောင်း) ခန့်ပင် ရှိနေလောက်ပေပြီ၊ ယခင်က ယူရှောင်မိုဆိုလျှင် အသက်ပင် မနဲလုရှူနေရလောက်မည် ဖြစ်သော်လည်း ယခုယူရှောင်မိုသည် မြေဆွဲအားခန်းမတွင် လပေါင်းများစွာ လေ့ကျင့်ထားခဲ့သောကြောင့် ခန္ဓာကိုယ်မှာ အားအင်အပြည့် ကျန်ရှိနေသေးပေသည် ။

" ခင်ဗျား ဘာလို့ ဒီလောက်မြန်မြန်ပြေးရတာလဲ "

ယူရှောင်မို ဘေးသို့လှည့်ကာ လင်းရှောင်၏ ရုတ်တရက်ဆန်ဆန် ပြုမှုမှုကြောင့် မေးခွန်းထုတ်လိုက်သည်၊ ထိုအခါ လင်းရှောင်သည် သူ့ဘက်လှည့်လာပြီး မျက်လုံးများမှေးကျဉ်းကာ ပြန်မေးလာ၏ ။

" အဲဒါဆိုမင်းက ဟို'အစ်ကိုကောင်း' ဆိုတဲ့လူနဲ့အတူတူ တာဝန်လုပ်ချင်လို့လား "

ယူရှောင်မို ကိုယ့်နှာခေါင်းကိုယ် ပြန်ပွတ်မိသည် ။

" အဲ့လိုမဟုတ်ပါဘူး . .  အဲဒါဆို အခု ကျွန်တော်တို့ ဘယ်သွားကြမလဲ "

၎င်းတို့လုပ်ရမည့်တာဝန်သည် အမြင့်ဆုံးအဆင့်ဖြစ်သည်၊ ထို့ကြောင့် အခြားသူများမှ လင်းရှောင်၏လျှို့ဝှက်ချက်အား မရိပ်မိသွားကြစေရန်အလို့ငှါ အခြားဘယ်သူနှင့်မှ ပူးပေါင်း၍မရနိုင်ပေ ။

The Legendary Master's Wife (Myanmar Translation)Opowieści tętniące życiem. Odkryj je teraz