CHAPTER 311

5.9K 1.1K 27
                                    

Zawgyi ver..


ထျန်းဇီယဲ့


ယူရှောင်မို နောက်တစ်နေ့မနက် အိပ်ယာထလာချိန်တွင် သူ့ခန္ဓာကိုယ်မှ ပင်ပန်းနွမ်းနယ်မှုများ လုံးဝပပျောက်သွားသည်ကို ခံစားရသည် ။

လေ့ကျင့်မှုပထမဆုံးရက်၌ ရလဒ်အား သိသိသာသာမတွေ့ရသေးသော်လည်း အချိန်အတော်ကြာလေ့ကျင့်ပါက မျှော်မှန်းထားသည်ထက် ပိုအကျိုးရှိမည်ဟု ယုံကြည်သည်၊ ယခုသူသည် လမ်းလျှောက်နေလျှင်တောင်မှ အလွန်စတိုင်ကျပြီး လေကဲ့သို့ သွက်လက်ပေါ့ပါးနေသည်ဟု ခံစားနေရသည် ။

မထွက်ခွာမီတွင် ယူရှောင်မို လင်းရှောင်အားအတင်းဆွဲကာ နယ်မြေထဲပို့ခိုင်း၍ သူ၏အမြန်နှုန်းအား မိုးကြိုးမီးလျှံကျားသစ်ဖြင့် စမ်းသပ်ခိုင်းသေး၏၊ သူ၏အမြန်နှုန်းသည် အမှန်ပင် အနည်းငယ်တိုးတက်လာသည်၊ ရလဒ်မှာ မသိသာသော်လည်း သူ၏ရည်မှန်းချက်အား ပိုမို ခိုင်မာစေရန်တော့ လုံလောက်ပေသည်၊ ထို့အပြင် အဓိကအကျဆုံးအချက်မှာ ထိုနေရာတွင် သွားရောက်လေ့ကျင့်ရာ၌ ကုန်ကျစရိတ် လုံးဝ လုံးဝမရှိခြင်းဖြစ်သည် ။

ယနေ့တွင်လည်း ခါတိုင်းနေ့များကဲ့သို့ ယူရှောင်မို ကမ္ဘာမြေဆွဲအားခန်းမသို့ ဦးတည်လာခဲ့သည် ။

လင်းရှောင်မှာတော့ ယူရှောင်မို၏ဖိအားပေးမှုကြောင့် ကျင့်ကြံရေးခန်းမ အနီရောင်အပိုင်းထဲသို့ ရောက်နေလောက်ပြီဖြစ်သည် ။

ဖန်ချီယွင်းသည် ယူရှောင်မို မနေ့က ကမ္ဘာမြေဆွဲအားခန်းမသို့သွားသည်ဟု သတင်းကြားသဖြင့် အတူလိုက်ကြည့်ရန် ရောက်လာခဲ့သည် ။

ထုံယွယ်ရွှီမှာတော့ ကျင့်ကြံရေးခန်းမသို့ မသွားတော့ပဲ အခန်းတွင်း၌သာ ဆေးဖော်လေ့ကျင့်နေသည်၊ သူ၏အဆင့်တက်မှုနှုန်းမှာ အလွန်မြန်ဆန်လာသော်လည်း အခြေမခိုင်သေးသဖြင့် အရင်ဆုံး ခိုင်မာအောင် တည်ဆောက်ဖို့လိုသည်၊ သို့မဟုတ်လျှင် နောင်အနာဂတ်၌ သူ၏ဆေးဖော်အောင်မြင်နှုန်းများ လျော့ကျနိုင်ပေသည် ။

သွားရာလမ်းတစ်လျှောက်တွင် ယူရှောင်မိုမှ ဖန်ချီယွင်းအား ကမ္ဘာမြေဆွဲအားခန်းမအကြောင်း သူသိသလောက် ရှင်းပြလာခဲ့သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now