CHAPTER 247

8.6K 1.7K 47
                                    

Zawgyi Ver...


ချောင်းမြောင်း တိုက်ခိုက်မှု .... 🔪🔪🗡



ယူရှောင်မို၏ စကားလုံးများနောက်တွင် သူ၏ အကျီကော်လံနောက်မှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာ၏၊ တစ်ချိန်ထဲမှာပင် ထိုအနက်ရောင်အရိပ်သည် ကြီးမားကြံ့ခိုင်သော အနက်ရောင် သားရဲကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏ တောင်ပြောင်လှပသော အနက်ရောင် အမွှေးများသည် လှိုင်းတံပိုးများအသွင်ဆောင်ကာ ချိုင်ကျွင်း၏ ကြောက်လန့်နေသော အကြည့်များကြားမှ ၎င်းသခင် ယူရှောင်မို၏ရှေ့မှောက်သို့ ညင်သာစွာ ဆင်းသက်လေ၏ ။

၎င်းမှာ ပြိုင်ပွဲကွင်းအတွင်းရှိ လူအများ ကြားဖူးနေပြီးသားဖြစ်သော သာမာန် အနက်ရောင်ကျားသစ်တစ်ကောင်သာ ဖြစ်သည်၊ သို့သော်ငြား မကြာမီတွင်ပင် လူအပေါင်းသည် ၎င်းကျားသစ်၏ ရွှေရောင်တောက်ပနေသော မျက်ဝန်းတစ်စုံအား သတိထားမိသွားကြ၏၊ သာမာန် ကျားသစ်နက်တစ်ကောင်၏ အဆင့်အတန်းသည် မှတ်ချက်ပြုရလောက်အောင်ထိ မမြင့်မားသော်ငြား ချွင်းချက်အနေဖြင့် ကျားသစ်နက်မျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်ဖြစ်သော ရွှေမျက်လုံးပိုင်ရှင် ကျားသစ်နက်များသည် အမြင့်ဆုံးအဆင့်တွင် ရှိနေတတ်ကြသည်သာ ဖြစ်သည် ။

ရှောင်ဟေးသည် ၎င်း၏ လူသားအသွင်သို့ မပြောင်းထားပေ၊ သူသည် သားရဲအများစု အသွင်မပြောင်းနိုင်ကြသေးသော အဆင့်၇ ကြယ်၎လုံး အဆင့်၌သာ ရှိသေးသည်၊ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများအား ရှောင်တိမ်းရန် အလို့ငှါ ၎င်း၏ မူလပုံစံအတိုင်းသာ ထွက်လာခဲ့ခြင်း ဖြစ်လေသည် ။

ထုံးပေမျောက်ဝံမျိုးနွယ်၏ အဆင့်အတန်းသည် ၎င်းထက် မြင့်မားကောင်း မြင့်မားပေလိမ့်မည်၊ သို့သော် ယခုတွင် ၎င်းမျောက်ဝံသည် ကြယ် ၃လုံး အဆင့်၌သာ ရှိသေး၏၊ ၎င်းသည် ကြယ်၎လုံးအဆင့် ရှောင်ဟေးအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပါချေ ။

ရှောင်ဟေးသည် အထက်ဆီးဆန်၍ မာနကြီးတတ်သော သွေးအေး သတ္တဝါတစ်ကောင် ဖြစ်လေသည်၊ ထုံးပေမျောက်ဝံနှင့် ပတ်သက်၍ ရှောင်ဟေးသည် ၎င်းအား ဆင့်ခေါ်လိုက်စဉ်ကတည်းက အထင်အမြင်သေးကြောင်း အမူအယာများ ပေါ်လွင်ထင်ရှားစွာ ပြ၏၊ သူ၏ အနည်းငယ် သေးငယ်သော ခန္ဓာကိုယ်အား ပေါက်ကွဲမှုအား အပြည့်ထည့်ကာ အရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီးနောက် ချိုင်ကျွင်းအား ၎င်း၏ အထက်ဆီးဆန်ဆန် အရှိန်အဝါများ ထည့်သွင်းထားသော အကြည့်တစ်ချက်ပေးကာ ချက်ချင်းပင် မျက်နှာလွှဲပစ်လိုက်၏ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now