CHAPTER 275

7.9K 1.4K 89
                                    





Zawgyi ver..








သွေးဆောင်ဖျားယောင်းခြင်းနှင့် မူမမှန်ပြောင်းလဲမှုများ ကြုံတွေ့ရခြင်း












ခြံဝင်းအတွင်းသို့ လျှောက်ဝင်သွားလိုက်သောအခါ  အဖိုးအို ရှိမနေကြောင်း တွေ့လိုက်ရသဖြင့် ယူရှောင်မို သက်ပြင်းချလိုက်မိသည်၊ လွန်ခဲ့သည့် ရက်များအတွင်းက ယူရှောင်မိုသည် အဖိုးအို၏ စရိုက်နှစ်ခုကြား လေ့လာဆန်းစစ်ရင်း ကွဲပြားခြားနားမှု အချို့ တွေ့ရှိခဲ့ရသည်လေ ။

ပထမစရိုက်သည် မနက်ပိုင်း၌ အိပ်ယာထ နောက်ကျတတ်သည်၊ ထို့ကြောင့် သူရောက်သည့်အချိန်တိုင်း အဖိုးအို အိပ်နေသည်ကိုသာ တွေ့ရတတ်သည်၊ ဒုတိယစရိုက်မှာတော့ ယူရှောင်မို မရောက်ခင်ကတည်းက ကြိုနိုးနေတတ်ပြီး သူ၏ ဆေးပင်စိုက်ခင်း၌ဖြစ်စေ ဆေးဖော်ခန်းအတွင်း၌ဖြစ်စေ အချိန်ဖြုန်းနေတတ်ပေသည် ။



ခြံဝင်းအတွင်း၌ အဖိုးအိုရှိမနေကြောင်း သိရသော်လည်း ယူရှောင်မိုတစ်ယောက် စိတ်မအေးနိုင်သေးပေ၊ အဘယ်ကြောင့်ဆိုသော် ထျန်းဇီရှင်းသည် သူ့အနောက်၌ ရှိနေသေးသည် ။

ထို့ကြောင့် ယူရှောင်မို ဆေးဖော်ခန်းသို့  ဦးတည်လိုက်သည်၊ မထင်မှတ်ထားသည်မှာ ထျန်းဇီရှင်းနှင့် သူမ၏ သူငယ်ချင်းတို့  အနောက်မှ ကပ်လိုက်လိုက်မည် ဟူ၍ပင်၊ ၎င်းတို့နှစ်ယောက်သည်လည်း အဖိုးအိုအား တွေ့ရန် ဆေးဖော်ခန်းသို့ ဦးတည်နေပုံရသည် ။

ယူရှောင်မို မသိမသာ မျက်မှောင်ကြုပ်လိုက်မိသည်၊ စိတ်ထဲရှိရာ ပြောရပါလျှင် မိမိကမုန်းသော မိမိကိုမုန်းသော တစ်စုံတစ်ယောက်နှင့် တစ်လမ်းတည်းအတူ လျှောက်ရသည်မှာ အလွန် စိတ်ဖိစီးရသည် ဖြစ်ကာ မြွေးပွေးတစ်ကောင်မှ မိမိအား ခြောင်းမြောင်းနေသကဲ့သို့ပင် ခံစားနေရပေ၏ ။



ဆေးဖော်ခန်းအရှေ့သို့ ရောက်သော် ယူရှောင်မို တံခါးပင် မခေါက်ပဲ ဒီအတိုင်း ဝင်ချသွားလိုက်သည် ။


သူသတိမထားလိုက်မိသည်မှာ ထျန်းဇီရှင်းနှင့် သူမ၏ သူငယ်ချင်းတို့သည် သူ၏အပြုအမူအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြသည်ကိုပင် ။






The Legendary Master's Wife (Myanmar Translation)Where stories live. Discover now