CHAPTER 265

8K 1.4K 134
                                    

Zawgyi ver..










နင်က ဘယ်သူလဲ?












လင်းရှောင်သည် ဘယ်သောအခါကမျှ စည်းမျဉ်းစည်းကမ်းများအား ဂရုစိုက်ခဲ့သူ မဟုတ်ပေ၊ လွန်ခဲ့သည့်လအတွင်း သူ့အား ဖိတ်ခေါ်လာသည့် စိန်ခေါ်ပွဲများ အားလုံးအား ငြင်းလွှတ်ခဲ့သည့်အတွက် သူ၏အဆင့်သည် ကိုးမှ ဆယ့်တစ်သို့ ကျသွားခဲ့သည် ။

တန်းခွဲတစ်၌ ထိပ်ဆုံးအဆင့် ကျောင်းသား ဆယ်ဦးသည် လစဉ်လတိုင်း အနည်းဆုံး စိန်ခေါ်ပွဲ သုံးခုအား မဖြစ်မနေ လက်ခံရမည် ဟူ၌ စည်းကမ်း သတ်မှတ်ထားသည်၊ သို့မဟုတ်ပါက လာရောက် စိန်ခေါ်သူ တစ်ဦးမျှ မရှိသည့် အခါမျိုးတွင်သာ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနိုင်မည် ဖြစ်သည် ။

လင်းရှောင်သည် ခရမ်းကဒ် ရပြီးချိန်ကတည်းက အဆောင်အပြင်သို့ ထွက်ခဲလှသည်၊ ထို့ကြောင့် သူ၏ ဂုဏ်ပုဒ်သည် လူအများကြားမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာပြီး အချို့ဆိုလျှင် သူ၏ ဖြစ်တည်မှုအား မေ့သွားကြတော့သည်၊ အဘယ်ကြောင့်ဆိုသော် တန်းခွဲတစ်၌ 'တစ်စုံတစ်ယောက် အဆင့်တက်သွားခြင်း၊ မည်သူမှ မည်သူ့အား အနိုင်ရလိုက်ခြင်း' စသည် စသည်ဖြင့် သတင်းထူးများ နေ့စဉ်မပြတ် ထွက်ပေါ်လျက် ရှိပေရာ တစ်စုံတစ်ယောက်သည် လူအများကြားမှ တိတ်တဆိတ် ပျောက်ကွယ်သွားပါက မည်သူမှ အထူးတလည် အာရုံစိုက်နေလိမ့်မည်မဟုတ်ပဲ တနေ့တခြား မေ့လျော့သွားကြလိမ့်မည်သာ ဖြစ်သည် ။







မည်သို့ပင် ဆိုစေဦးတော့ 'တန်းခွဲတစ်၏ ထိပ်သီး ကျောင်းသား ဆယ်ဦး စာရင်းဝင်' ဆိုသည့် ဂုဏ်ပုဒ်မှာ အသေးအမွှားတော့ မဟုတ်ပေ ။


ဤကျောင်းတော်တွင်း၌ ၎င်းဆယ်ဦး စာရင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသော ကျောင်းသားများစွာ ရှိသောကြောင့် ၎င်းတို့ ထိပ်သီးဆယ်ဦးသည် အခြားကျောင်းသားများထံမှ စိန်ခေါ်မှုများအား လစဉ်လတိုင်း အများအပြား လိုက်ခံရရှိကြပေသည် ။

ထို့အပြင် လင်းရှောင်သည် အောက်ဆုံးနားဖြစ်သော အဆင့်ကိုး၌ ရှိနေကာ သူ၏ ကျော်ကြားမှုမှာလည်း တစ်နေ့တစ်ခြား ကျသည်ထက် ကျလာသောကြောင့် သူ့အား စိန်ခေါ်လိုသူ အများအပြား ရှိသည်၊ သို့သော်လည်း ၎င်းတို့၏ အဆင့်သည် လင်းရှောင်ထက် သာသည်ဖြစ်စေ နိမ့်သည်ဖြစ်စေ ၎င်းတို့အားလုံး တုံ့ဆိုင်းခြင်းမရှိပဲ အငြင်းခံရခြင်းဖြင့်သာ အဆုံးသတ်လေသည် ။








The Legendary Master's Wife (Myanmar Translation)Where stories live. Discover now