CHAPTER 266

8.4K 1.6K 74
                                    


Zawgyi ver..








စုမဲရု ချိပ်စည်းကျမ်း










ယူရှောင်မိုသည် ဤကျောင်းသို့ စစ ရောက်လာစဉ် ကတည်းကပင် သူမ၏ နေရာအားလုံးအား လုယူခဲ့ပြီး သူမ၏ ကျော်ကြားလှချည့် ဟူသော ဂုဏ်ပုဒ်အပေါင်းကိုလည်း သူ၏ ခြေဖဝါးအောက်၌ အကြိမ်ကြိမ် အခါခါ နင်းချေပစ်ခဲ့သည် ချည်းသာ ဖြစ်သည် ။

ထိုကြောင့် ယူရှောင်မိုသာ ကျောင်းတော်တွင်း၌ ရှိမနေခဲ့ပါလျှင် သူမသည် ၎င်းအား ထျန်းအိမ်တော်၏ အာဏာအား အသုံးပြု၍ ဤယန်မြို့တော်အတွင်း၌ ခြေချစရာပင် မရှိတော့အောင် ဖျက်စီးပစ်လိုက်မည် ဖြစ်သည်၊ သို့သော်လည်း ယခု သူမ၏ အခြေအနေသည် အရာအားလုံးကို အံကြိတ်၍ သည်းခံနေရုံသာ တတ်နိုင်ပေသည် ။





ထျန်းဇီရှင်း၏ တွက်ကိန်းမှာ ဤလောက၌ အမှတ်ငါးထောင်အား လွန်ဆန်နိုင်မည့်သူ မရှိ ဟူ၍.. ။




သို့သော်လည်း သူမ၏ မျှော်လင့်ခြင်းတစ်ဝက် ဆုတောင်းတစ်ဝက် အတွေးသည် သူမအရှေ့၌ ရပ်နေသူမှာ ယူရှောင်မိုဖြစ်နေသောအခါ လုံးဝ အရာမထင် ဖြစ်သွားရလေတော့သည် ။





ယူရှောင်မိုအတွက်မှာမူ အလုပ်အနည်းငယ် ကြိုးစားလိုက်ရုံမျှဖြင့်ပင် နှစ်လ သို့ သုံးလအတွင် အမှတ်ငါးထောင်ရအောင် စုဆောင်းနိုင်၏၊ ၎င်းမှာ သူ့ထံ၌ အဆင့်မြင့် ဆေးပင်များ စိုက်ပျိုးဖို့ရာ လျှို့ဝှက်နယ်မြေ ရှိခြင်းကြောင့်လည်း အနည်းငယ်ပါသော်ငြား ဤကျောင်းတော် တစ်ခုလုံး အတွင်း၌ သူ့လောက် အံ့အားသင့်စရာ ကောင်းသည့်လူမျိုး မရှိ၊ ထို့ကြောင့် ၎င်းအတွက် အမှတ်ငါးထောင်ဆိုသည်မှာ နူးညံ့သည့် ပေါင်မိုးခိုသားကင် ကဲ့သို့ပင်.. ၊ စိတ်ဝင်စားစရာ ကောင်းသော်ငြား အငမ်းမရဖြစ်လောက်အောင်တော့ ဆွဲဆောင်မှု မရှိ ။

ယူရှောင်မိုသည် ထျန်းဇီရှင်း၏ အထက်စီးဆန်ဆန် လေသံအား ရုတ်တရက် မည်သို့ တုံ့ပြန်ရမည်မသိ၊ သူ၏ မျက်နှာထက်၌ ' ကျွန်တော် ငွေမက်သူ တစ်ယောက်ပါ ' ဟု ရေးဆွဲထားသလား ဆိုသည်ကိုလည်း သူမသိ ။

ထိုသို့တွေးမိပြီးနောက် ယူရှောင်မိုသည် သူ၏ခေါင်းအား စောင်းငဲ့လိုက်ပြီး ထျန်းဇီရှင်းအား ကြည့်လိုက်သည်၊ ထို့နောက် အတည်ပေါက် မျက်နှာဖြင့် နောက်တစ်ခေါက် ထပ်မေးလိုက်လေ၏ ။

The Legendary Master's Wife (Myanmar Translation)Dove le storie prendono vita. Scoprilo ora