CHAPTER 236

9.1K 1.6K 97
                                    




Zawgyi ver..









ပြဿနာရှာသော‌ ကျောင်းသားသစ်









ကျောင်းသားသစ်များအတွက် ကျောင်းတော်မှ  စီစဉ်ပေးထားသော အခန်းမှာ အခန်းဟောင်းများ ဖြစ်သော်လည်း ဆိုးဆိုးရွားရွားတော့ မဟုတ်‌ပေ၊ ယူရှောင်မို အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့်  စိတ်စွမ်းအင်အလွှာပါး တစ်ခုဖြင့် သိုင်းခြုံထားသည့် ပတ်ဝန်းကျင်လေထုအား ခံစားမိလိုက်သည် ။


ထုံယွယ်ရွှီသည် ယူရှောင်မို၏ မျက်နှာအမူအယာအား နားလည်ဟန်တူသည် ။

" ကျွန်တော်ကြားဖူးတာတော့ တောက်ရှင်းအကယ်ဒမီက အဆောင်တွေရဲ့အခန်းတိုင်းမှာ စိတ်စွမ်းအင်တွေ ထုတ်လွှတ်ပေးထားပြီး အခန်းခပိုဈေးကြီးလေ အခန်းတွင်းက စိတ်စွမ်းအင် ပမာဏက ပိုများလာလေပါတဲ့.. အဲ့ဒါကြောင့် ကျောင်းသားတွေအတွက် အခန်းကောင်းကောင်းမှာ ငှားနေနိုင်လေလေ  ကျင့်ကြံဖို့ ပိုပြီးသင့်တော်လေလေပါတဲ့  "



ပိုင်လီရှောင်ယွီလည်း ၀င်ပြောသည် ။

" အရင်တုန်းက ငါလည်းငါ့အကိုတွေ  အဲ့အကြောင်းပြောနေတာ ကြားဖူးတယ် "






ထိုအခါ ယူရှောင်မိုလည်း အနောက်လှည့်လာပြီး ၎င်းတို့အား တစ်ချက်ကြည့်လိုက်သည် ။

" မင်းတို့တွေ ဒီလိုအခန်းမျိုးမှာ အကြာကြီးနေကြမှာတော့ မဟုတ်ဘူးမလား.. ဟုတ်တယ်မလား "




ယူရှောင်မို ၎င်းတို့ဆွေမျိုးများ၏ ကျောင်းတွင်းရှိ ရာထူးနှင့်ဂုဏ်ပုဒ်များအား မသိသော်လည်း ၎င်းတို့နှစ်‌ယောက် စကားပြောပုံဆိုပုံအား ကြည့်ခြင်းအားဖြင့် ထိုဆွေမျိုးများ၏ ပါရမီနှင့် ထူးချွန်မှုတို့မှာ ၎င်းတို့အောက် သေချာပေါက် လျော့နည်းလိမ့်မည် မဟုတ်ဟုတော့ ခန့်မှန်းမိသည်၊ ကျောင်းသားအားလုံးသည် အမှတ်များရရှိရန် မိမိကိုယ်တိုင် အားထုတ်ကြိုးစားရမည် ဖြစ်သော်လည်း ကျောင်းတော်တွင် တခြားကျောင်းသားတစ်ယောက်၏ အမှတ်အား မျှဝေသုံးစွဲခြင်းအပေါ် မည်သည့်စည်းမျဉ်းမှ မကန့်သတ်ထားပေ.. ၊ ထို့ကြောင့် ပိုင်လီရှောင်ယွီ နှင့် ထုံယွယ်ရွှီတို့သာ ဤနေရာမှ ပြောင်းရွှေ့လိုပါက ဆွေမျိုးများအား အကူအညီလှမ်းတောင်းလိုက်ရုံသာ ဖြစ်သည် ။





The Legendary Master's Wife (Myanmar Translation)Where stories live. Discover now