CHAPTER 237

8.7K 1.5K 76
                                    




Zawgyi ver...







အမှတ်စုဆောင်းရန် ဗျူဟာကြီး လေးခု .. ..📕















" တစ်ဆိတ်လောက်, အကိုကြီး  ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲဗျ? "


ယူရှောင်မိုသည် ယခုအခြေအနေအား အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း တစ်စုံတစ်ယောက်အား မေးမြန်းလိုက်ပါက ဤပြသနာ၏ အရင်းအမြစ်ကိုပါ သိနိုင်လိမ့်မည် ဖြစ်သောကြောင့် နံဘေးတွင်ရှိသော လူငယ်တစ်ယောက်အား မေးမြန်းလိုက်၏၊ ထိုလူငယ်သည်အသက် နှစ်ဆယ့်ငါး , နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိမည်ဟု ထင်ရပြီး ပြိုင်ပွဲစင်ပေါ်ရှိ လူနှစ်ယောက်အား လက်ပိုက်၍ စိတ်ဝင်တစား ကြည့်ရှုနေလေသည်၊ ပြိုင်ပွဲကွင်း၏ ပတ်ပတ်လည်၌ လူပေါင်းများစွာ တိုးဝှေ့နေကြသော်လည်း အလွန်ထူးဆန်းစွာပင် ထိုလူငယ်အား မည်သူမျှဝင်မတိုးရဲကြပဲ ရှိလေ၏။




ယူရှောင်မို၏ မေးခွန်းအားကြားသောအခါ ထိုလူငယ်သည် အံ့သြသွားဟန်ဖြင့် ယူရှောင်မိုအား အကဲခတ်သလို လှည့်ကြည့်လာကာ  မျက်နှာပေါ်တွင်လည်း အပြုံးခပ်ရေးရေးတစ်ခုဖြင့် ပြန်မေးလေ၏။


" မင်း.. ငါ့ကိုမေးတာလား? "

ယူရှောင်မို ခေါင်းငြိမ့်ပြလိုက်သည်။

ထိုလူငယ်သည် ယူရှောင်မိုအတွက် သာမာန်မဟုတ်သော အငွေ့အသက်များ ခံစားရစေ၏၊ ထိုလူငယ်သည် ချောမောသောမျက်နှာနှင့် ဖီးနစ်ငှက်ကဲ့သို့ စူးရှသောမျက်ဝန်းများ ပိုင်ဆိုင်ထားသည်၊ သူ၏ ကိုယ်ဟန်အမူအယာအားလုံးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ အငွေ့အသက်များ လွှမ်းမိုးလျက်ရှိပြီး ရန်သွားစရန် မသင့်လျော်သော လူစားမျိုးထဲတွင် ပါဝင်လေ၏။


ယူရှောင်မို ခေါင်းငြိမ့်လိုက်သည်ကို မြင်သောအခါ ထိုလူ၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သည် ကွေးတက်သွားပြီး  ယူရှောင်မိုအား စိတ်ဝင်စားဟန်ဖြင့် ...


" မင်းက တန်းခွဲ တစ်ကလား, နှစ်ကလား?  နာမည်ကရော? "


"ကျွန်တော်က တန်းခွဲနှစ်ကပါ ကျွန်တော့နာမည်က ရှောင်ဟေး.. "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now