CHAPTER 271

8.1K 1.5K 169
                                    





Zawgyi ver..







လူတစ်ကိုယ် စိတ်အထွေထွေ


ယူရှောင်မိုသည်လည်း ခေါင်းမော့ကာ အဖိုးအိုအား မော့ကြည့်မိသည်၊ အဖိုးအိုသည် သူ၏ မျက်လုံးများအား မှိတ်ထားလျက်ရှိပြီး မလှုပ်မယှက် ရပ်မြဲအတိုင်း ရပ်နေ၏၊ အခန်းတွင်း၌လည်း ဆေးအိုးအတွင်းမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ' ပလုံချိ ပလုံချိ ' အသံများမှလွဲ အခြားမရှိ၊   ထို့ကြောင့် အစောက ယူရှောင်မို ခံစားလိုက်ရသော ခံစားချက်ကြီးသည် ထင်ယောင်ထင်မှားသာ ဖြစ်ဟန်တူသည် ။

ယူရှောင်မို စဉ်းစားချိန်ပင် ကြာကြာ မရလိုက်.. ဆေးအိုးအတွင်းမှ လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာကြသည်၊ ဆေးအိုးအတွင်းမှ အလွန်တရာ ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ် လာနေသည်ကိုလည်း ယူရှောင်မို ခံစားနေရသည်၊ ၎င်းမှာ သာမာန်မျက်စိဖြင့် မမြင်နိုင်သော လက်တစ်စုံလည်း ဖြစ်နိုင်သည်၊  ၎င်း၏ စွမ်းအင်များသည် တစ်မီတာအကွာမှ သူပင် အာရုံခံမိ နိုင်လောက်၏ ။

ယူရှောင်မိုသည်  မျက်လုံးများ ပြူးကျယ်လျက် အံ့သြမင်တက်စွာ ငေးကြည့်နေမိ၏ ။

အဖိုးအိုသည် ယခု ဆေးဖော်စပ်နေသည်မှာ အမှန်ပင်ဖြစ်ကြောင်း  သေချာသွားပြီ ဖြစ်သည် ။

ဤဆေးဖော်နည်းသည် သူ၏ အတွေးအသိ ဝင်ရိုးစွန်းများအား ကျယ်ပြန့်သွားစေ၏၊ ဆေးလုံးအား ဤနည်းဖြင့် ဖော်စပ်၍ ရနိုင်သည်ဟု မည်သူကများ တွေးမိပါလိမ့်မည်နည်း?

အချိန်ခဏကြာပြီးနောက် အဖိုးအိုသည် မျက်လုံးဖွင့်ကာ တစ်စုံတစ်ခုအား အမိန့်ပေးလိုက်သည် ။

" စုစည်းစမ်း! "


ထို့နောက် ဆေးအိုးအတွင်းမှ ' တိန် ~~ ' ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်၊ အခန်းတွင်းရှိ စိတ်စွမ်းအင်များသည်လည်း ပကတိမျက်စိဖြင့် မြင်နိုင်လောက်သည်အထိ မြန်ဆန်သော အရှိန်အဟုန်ဖြင့်  ၎င်းဆေးအိုးအတွင်းသို့ စုပြုံ တိုးဝင်ကြတော့သည်၊ မြန်ဆန်သော စွမ်းအင် လည်ပတ်မှု စုပ်ယူမှုများကြောင့် အခန်းအတွင်း၌ ကြီးမားသော စွမ်းအင်ဝဲဂယက်တစ်ခုပင် ဖြစ်ပေါ်လာ၏ ။





The Legendary Master's Wife (Myanmar Translation)Where stories live. Discover now