CHAPTER 239

8.9K 1.5K 31
                                    


Zawgyi ver...


လူနှစ်ဦး၏ အပြုအမူ အလေ့အထ...






တောက်ရှင်းအကယ်ဒမီတွင် ဆိုင်ခန်းများငှါးရန် ကြီးကြပ်ပေးရသူမှာ အကြီးအကဲဝမ် ဖြစ်၏၊ အကြီးအကဲဝမ်သည် စည်းကမ်းတင်းကြပ်ရာ၌ အလွန် နာမည်ကျော်ကြားလေသည်၊ ၎င်းထံမှ ဆိုင်ခန်းများငှါးရမ်းလိုသူများသည် ကျောင်းမှချမှတ်ထားသော စည်းမျဉ်းများအတိုင်းသာ တသွေမတိမ်း လုပ်ဆောင်ကြရပြီး မိမိ၏ နောက်ခံအင်အားကို အသုံးချ၍ မသမာစွာ ဆိုင်ခန်းငှါးရန်းလိုသူတိုင်းသည် နှစ်ခါပြန် စဉ်းစားသင့်ပေ၏၊ သို့တည်းမဟုတ်ပဲ မရိုးမသားပြုရန် ကြံစည်သည်အား တွေ့ရှိရပါက ထိုကျောင်းသားသည် နောက်တစ်ကြိမ်၌ ဆိုင်ခန်းများ ထပ်မံ ငှါးခွင့်ရလိမ့်မည်မဟုတ်ပေ၊ ထို့ကြောင့် အင်အားကြီးမိသားစုများမှ ဆင်းသက်လာသော ကျောင်းသားများသည်ပင် အရဲမစွန့်ဝံ့ကြပေ..။





လူစည်ကားသောနေရာများရှိ ဆိုင်ခန်းများ၏ တစ်ရက်ငှါးရမ်းခသည် အမှတ် ၁၀၀ ရှိလေသည်..၊ တစ်ရက်လျှင် အမှတ် ၁၀၀ ရရန်မှာ ယူရှောင်မိုအနေဖြင့် ယွန်ယန်ဆေးနှင့် ဟော့ရွှီဆေးများ အလုံးသုံးဆယ်ခန့် ရောင်းရမှ ဖြစ်ပေမည်၊ ထို့ပြင် ဆေးဖော်ရန်လိုအပ်သည့် ဆေးပင်များအတွက် ကုန်ကျစရိတ်ကိုပါ ထည့်တွက်ရန်လည်း လိုအပ်သေး၏ ။






သို့သော်လည်း ထိုသခင်လေးများအတွက်မူ တစ်နေ့ ဆေးလုံးသုံးဆယ် ရောင်းရရန်မှာ အဆန်းမဟုတ်ပေ ။



ပထမအချက်, ၎င်းတို့၌ လူအင်အား  အလုံအလောက်ရှိလေသည်။ ၎င်းတို့သာ အတူတကွ ဆေးဖော်ကြလျှင် တစ်နေ့စာ ရောင်းရန် ဆေးလုံးများ အလုံအလောက်ရရှိနိုင်၏ ။

ဒုတိယအချက်, ၎င်းတို့၏ ဆိုင်ခန်းနေရာသည် ဈေးသို့လာသော လူအများစု ဖြတ်သန်းသွားလာရာနေရာ ဖြစ်ပေသည်၊ လူအများက ၎င်းတို့ဆိုင်ရှေ့မှ ဖြတ်သန်းသွားလာကြသောကြောင့် တစ်နေ့လျှင် ဆေးလုံးငါးဆယ် တစ်ရာရောင်းရရန်မှာ ၎င်းတို့အတွက်တော့ အလွန်လွယ်ကူသော ကိစ္စတစ်ရပ်သာ ဖြစ်လေ၏ ။




ယူရှောင်မိုတစ်ယောက်တည်းဖြင့် ထိုကဲ့သို့ မည်သည့်အခါမျှ လုပ်နိုင်လိမ့်မည် မဟုတ်ပါချေ ။ တစ်နေ့လျှင် ဆေးလုံး သုံး လေးဆယ် ရောင်းရသည် မရသည် အသာထား၊ တစ်ယောက်တည်း ဆေးလုံးဖော်ရန် နေ့ရောညပါကြိုးစားရင်းဖြင့် အားအင်ကုန်ခမ်းကာ အသက် အရင်ထွက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းဆိုင်ခန်းနေရာများ၌ ဆိုင်ဖွင့်ရန် ယူရှောင်မို မတတ်နိုင်သလို အိမ်မက်လဲမမက်ရဲပါချေ။


The Legendary Master's Wife (Myanmar Translation)Där berättelser lever. Upptäck nu