CHAPTER 294

8.3K 1.4K 158
                                    



Zawgyi ver..



အမြန်နှုန်းတိုးတက်အောင်လေ့ကျင့်ခြင်း




ယခု အရည်အချင်းစစ်ပြိုင်ပွဲကြီးလည်း ပြီးဆုံးသွားချေပြီ၊ ယူရှောင်မိုအတွက် အလုပ်မများပဲ အချိန်ဖြုန်းရန် အားလပ်ချိန်ရလာခြင်းမှာ ရတောင့်ရခဲပင်ဖြစ်သည်၊ သို့သော် လင်းရှောင်မှ ၎င်းအား သူ၏နယ်မြေအတွင်းသို့ လျင်မြန်စွာဆွဲခေါ်သွားသဖြင့် သူ၏ အားလပ်ချိန်ကလေးသည် နေ့တစ်ဝက်ပင် မခံလိုက်ပေ၊ လင်းရှောင်မှ သူ့အား လေ့ကျင့်ပေးရန်လိုသည်ဟု ပြောထားသည်မှာ တစ်ရက်သာရှိသေးသော်လည်း ယခု ထိုအကြံအစည်ကြီးအား အကောင်အထည်ဖော်ရန် လုပ်နေပေပြီ၊ အမှန်အတိုင်းပြောရလျှင် ယူရှောင်မို ထိုကိစ္စအတွက် စိတ်အဆင်သင့်မဖြစ်သေးပေ ။

ယူရှောင်မို မြက်ခင်းပေါ်တွင် လှဲချလိုက်ကာ အပြာနုရောင်တောင်ပနေသော ကောင်းကင်ကြီအား မော့ကြည့်လိုက်သည် ။

ရာသီဥတု သာယာလိုက်တာ..

လင်းရှောင်သာ သူ့အား အတင်းအကြပ်ဆွဲခေါ်မလာခဲ့လျင် ပို၍တောင် သာယာဦးမည်ပင် ။

ထိုသို့တွေးနေစဉ် လင်းရှောင် သူ့အနားရောက်လာကာ ခြေဖျားလေးဖြင့် ဖွဖွကန်ရင်း ဆို၏ ။

" ထတော့ "

ယူရှောင်မိုလည်း ပျင်းတိပျင်းရွဲဖြင့် ထလာကာ အလွန်ဝမ်းနည်းနေဟန်ဖြင့် မေးသည် ။

" ကျွန်တော်က စတိုက်ရမှာလား "

လင်းရှောင်မှ ပြန်မေးသည် ။

" မင်းပြောကြည့်လေ "

ယူရှောင်မို ချက်ချင်း မြက်ခင်းပေါ်သို့ ပြန်လှဲချရန်ပြင်လိုက်သည် ။

လင်းရှောင်လည်း ၎င်းအား ချက်ချင်း ပြန်ဆွဲထူသည် ။

" ကိုယ်မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်.. ပထမ မင်းကကိုယ့်ကိုတိုက် ဒါမှမဟုတ် ဒုတိယ ကိုယ်ကမင်းကိုတိုက်မယ်.. အဲ့ဒီတော့ ဘယ်နည်းလမ်းအတိုင်းလုပ်မလဲဆိုတာ သေသေချာချာရွေး "

ယူရှောင်မို " ... ... "

လင်းရှောင် မျက်ခုံးပင့်လိုက်သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now