CHAPTER 244

8.7K 1.5K 100
                                    








Zawgyi ver..





လုယွီ ရိုက်နှက်ထုထောင်း ခံရခြင်း ...









ဈေးထဲမှထွက်လာသော ယူရှောင်မိုသည် ထို -ျီးထုပ်များအား အဖတ်လုပ်မနေပဲ တန်းခွဲ တစ် ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်လာလိုက်၏။




နောက်ကျန်ခဲ့သော လူအုပ်ကြားထဲရှိ ပုံရိပ်တစ်ခုသည် ၎င်းအား အစကတည်းက နောက်ယောင်ခံလိုက်နေခဲ့ခြင်း ဖြစ်သည်၊ ရှုပ်ထွေးပြည့်ကြပ်နေသော လူထုမှာ ထိုနောက်ယောက်ခံသမားနှင့် ယူရှောင်မို့အကြား အကွာအဝေးအား ကျယ်ပြန့်သွားစေသော်ငြား ၎င်းသည် ယူရှောင်မို့နောက်သို့ ခဏချင်းပင် အမှီပြန်လိုက်လာနိုင်ခဲ့၏၊


" ရှောင်မို, ငါ့ကိုစောင့်ပါဦး "



ထိုလူငယ်သည် လူအုပ်ကြီးမှ ၎င်းအား ဆွဲချသွားပြီး ယူရှောင်မို သူ့အား မမြင်နိုင်တော့မည် စိုးသည့်အလား ခုန်ပေါက်၍ အော်ဟစ်နေလေ၏။




ထိုအချင်းအရာအား မြင်သော် ယူရှောင်မိုတစ်ယောက် ပြောစရာစကားများ ပျောက်ရှသွားရသောကြောင့် သူ၏ခေါင်းကိုသာ ပြန်လှည့်လိုက်ပြီး..

" ပိုင်လီရှောင်ယွီ, ကျေးဇူးပြုပြီး ပြန်သွားပေးပါလား..

ငါက ဒီအတိုင်းလေးပဲ ငါ့သူငယ်ချင်းဆီကို သွားချင်တာ.. စိတ်ကျဉ်းကြပ်စရာကောင်းတဲ့ လမ်းခရီးကို သွားချင်တာမဟုတ်ဘူး .. "

(ရက်စက်လိုက်တာ T.T )








ယခုမနက်ကဖြစ်ခဲ့သော ကိစ္စများအား ပြန်တွေးကြည့်ပါလျှင် ယူရှောင်မိုတစ်ယောက် သေချင်စော်နံလောက်အောင် နောင်တရမိပါ၏၊ ထုံယွဲ့ရှူဟူသော .. ပုံမှန်အားဖြင့် သူနှင့် ပိုင်လီရှောင်ယွီ တွဲသွားတွဲလာလုပ်နေသည်အား တားမြစ်တတ်သူသည် ယခုအခါ မမျှော်လင့်ပဲ ပိုင်လီအား လက်မြှောက်ထားလေ၏၊ သူသည် ၎င်းတို့အား လျစ်လျူရှုထားကာ ပိုင်လီအား သူနှင့်အတူ လိုက်ခွင့်ပြုထားသည်၊ ပိုင်လီရှောင်ယွီသည်လည်း ယူရှောင်မို၏ ရက်စက်သော စကားလုံးများကြောင့် နာကျင်ခံစားမနေပဲ ယူရှောင်မို့နောက်သို့ ပို၍ ရဲတင်းထင်ရှားစွာ လိုက်ကပ်နေပေတော့သည်တည့် .. ။







The Legendary Master's Wife (Myanmar Translation)Where stories live. Discover now