CHAPTER 289

7K 1.3K 118
                                    

Zawgyi ver..



အချိန်းအချက်ပြုခဲ့ကြသည့် နှစ်ဦးကြားကစီးချင်းတိုက်ပွဲ










တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်...

နှစ်ဆယ့်ကိုးစက္ကန့်မပြည့်ခင်အထိ အခန်းရှေ့မှလေထုလည်း တစ်စုံတစ်ရာထူးခြားမှုမရှိပဲ ငြိမ်သက်နေခဲ့ကာ ထို့နောက်မှ ယူရှောင်မိုတစ်ယောက် မြေပြင်ပေါ်သို့ ပုံကျလျက်သား ဖြူဖျော့တော့စွာဖြင့် ပရိတ်သတ်အပေါင်းရှေ့ ထွက်ပေါ်လာခဲ့သည် ။

သူ့ဝိဥာဉ်စွမ်းအား အားလုံးနီးပါးအားအသုံးပြုခဲ့သဖြင့် သူ့ကိုယ်သူ အရမ်းဝန်ပိစေတော့မလိုပင် ဖြစ်သွားခဲ့ရ၏၊ သူ့ထံ၌ လက်ချောင်းတစ်ချောင်း  လှုပ်ခတ်ရန်အင်အားပင် မကျန်တော့ပါချေ၊ သို့သော် ယခင်ကအမြင့်ဆုံးစံချိန်အား ချိုးဖျက်နိုင်ခဲ့ခြင်းနှင့် မိနစ်သုံးဆယ်အထက် တောင့်ခံနိုင်ခဲ့ခြင်းတို့ကြောင့် ဝမ်းသာနေမိသည် ။

ထို့နောက် တစ်စုံတစ်ယောက်မှ သူ့အရှေ့သို့လျှောက်လာလေသည်၊ ယူရှောင်မို သူ၏ခေါင်းအား အားယူမော့ကြည့်လိုက်သောအခါ  လင်းရှောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။

လင်းရှောင်သည် သူ့အား ကူညီဖေးမရန် ငုံ့ကိုင်းလိုက်သည်၊ အကယ်၍ ကြည့်ရှုနေသော ပရိတ်သတ်များသာမရှိပါမူ လင်းရှောင်မှ သူ့အား ဒီအတိုင်း ကောက်ချီသွားလိုက်မည်ဖြစ်သည်၊ လင်းရှောင်သည် သူ၏ချစ်သူအပေါ် လွှမ်းမိုးတတ်သည့်အကျင့်စရိုက်ရှိသော်လည်း လူအများရှေ့တွင်တော့ ၎င်း၏ဂုဏ်သိက္ခာအား လေးစားရမည်ဖြစ်သည် ။

လင်းရှောင်၏ အကူအညီဖြင့် ယူရှောင်မို ယိုင်နဲ့နေသော ခြေထောက်များ အပေါ် အားပြု၍ မတ်တပ်ရပ်လိုက်သည်၊ မျက်တောင်တစ်ခတ်အကြာတွင် ထိုနေရာတစ်ခွင်လုံး မိုးခြမ်းသံကဲ့သို့ မြည်ဟီးသော လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသည်၊ ထိုအထဲတွင် ပိုင်လီရှောင်ယွီနှင့် ကျန်းရှောင်ဖုန်းတို့၏ လက်ခုပ်သံသည် အကျယ်ဆုံးပင်ဖြစ်ပေလိမ့်မည် ။

အကြီးအကဲငါးလည်း သူ့မုတ်ဆိတ်သူပြန်ဆွဲချနေရင်း စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်ပြုနေသည်၊ ထို့နောက် လက်ခုပ်သံများတိတ်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ အရှေ့သို့ ထွက်လာခဲ့သည် ။




The Legendary Master's Wife (Myanmar Translation)Where stories live. Discover now