CHAPTER 278

9.3K 1.5K 150
                                    




Zawgyi ver..






အရည်အချင်းစစ်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းခြင်း














ထိုနေ့နောက်ပိုင်း၌ ယူရှောင်မိုနှင့် ချင်ချိုးတို့အကြား မတော်တဆ ဆုံတွေ့မှုအချို့ ထပ်ရှိခဲ့သေးသည် ။



ချင်ချိုးမှ သူမ ယူရှောင်မို့ထံသို့ ဆေးလုံးများဝယ်ရန်သက်သက်သာ ရောက်လာခြင်းဖြစ်သည်ဟု မည်မျှပင်ဆိုသော်ငြား လင်းရှောင်နှင့် ချိုအသင်းပင်မဆိုထားနှင့် ယူရှောင်မိုကိုယ်တိုင်သည်ပင် သူမထံ၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိနေကြောင်း ရိပ်မိနေသည် ။





သို့သော် ယခုတစ်ခေါက် လင်းရှောင်ထံသို့ ဖောက်သည်ပြန်ချသူမှာ ကြောင်ချိုမဟုတ်တော့ပဲ ဖီချိုဖြစ်သည် ။





" ဘယ်သူကထင်မှာလဲ... ကိစ္စတွေအများကြီး ကြုံတွေ့ပြီးတဲ့နောက် သခင်လေးတစ်ယောက်လည်း  နောက်ဆုံး နားလည်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ .. "

ရှယ်ချိုသည် ပျင်းရိလေးတွဲစွာ မေးထောက်ရင်း ပြောလိုက်သည် ။




ရှယ်ချိုသည် မှော်ဝင်သားရဲတစ်ကောင် ဖြစ်သည်မှန်သော်လည်း ၎င်းမှာ လူသားတို့၏ စိတ်ခံစားချက်များအား နားလည်နိုင်စွမ်းမရှိဟု မဆိုလိုပေ၊ ထိုချင်ချိုးဟူသောမိန်းကလေး မတော်တဆဟု အမည်တပ်၍ သခင်လေးထံသို့ မကြာခဏ လာရောက်လေ့ရှိသည်မှာ သူမထံ၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်အချို့ ရှိနေသောကြောင့် ဖြစ်ရပေမည်၊ သို့သော် သူမထံ၌ သခင်လေးအပေါ် စိတ်ခံစားချက်ရှိ၍ လာပတ်သက်သည်ဟုတော့ မည်သူမျှ မတွေးမိကြပေ၊ ၎င်းမှာ လုံးဝလုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခုဖြစ်သည် ။

ယူရှောင်မိုသည် ၎င်း၏စကားကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားတော့သည် ။

"ရှယ်ချို မင်းစကားက ဘာကိုဆိုလိုတာလဲ မဟုတ်မှ ငါက မရှိနိုင်.. "


လင်းရှောင်မှ ရုတ်တရက် ထပြောသည် ။

" ဘာမရှိနိုင်တာလဲ "




The Legendary Master's Wife (Myanmar Translation)Where stories live. Discover now