CHAPTER 250

9.1K 1.6K 129
                                    

Zawgyi ver.






အထူးလူငယ်လေးတစ်ဦး ...










ယူရှောင်မို သူ၏ဆိုင်ခန်းအား နောက်ဆုံးဖွင့်ခဲ့သည်မှာ နှစ်ရက်မျှ ကြာမြင့်ခဲ့ပြီးဖြစ်သည် ။

(အမလေး သူ့နှစ်ရက်ကလေးကို အိုင့်မှာ  ဆယ်ပိုင်းလောက် ဘာသာပြန်လိုက်ရတယ်ရှင် >~<)



ယူရှောင်မိုသည် သူဖော်စပ်ထားသောဆေးလုံးများမှာ အခြားမှော်ဆရာများ၏ ဆေးလုံးများနှင့် ယှဉ်နိုင်ပါ့မလား သူမသိ၊ သူသိသည်မှာ ယခု ဒုတိယတစ်ခေါက် ဆိုင်ဖွင့်ခြင်းသည် စီးပွားရေးအရ အမြတ်အစွန်းရရန် ဖွင့်ခြင်းသာဖြစ်သည်၊ ထိုနေရာသို့ရောက်သော် သူ့အား စောင့်ဆိုင်းနေပုံရသော လူအုပ်ကြီးအား လှမ်းမြင်လိုက်ရ၏၊ ဤကိစ္စသည် ဈေး၏သမိုင်း၌ မှတ်ကျောက်တင်ထားရလောက်အောင်အထိ အလွန်ထူးဆန်းလွန်းသည်ဖြစ်ရကား လူအပေါင်းမှ အာရုံစိုက်နေကြလေသည် ။



ယူရှောင်မို ထိုအနားသို့ ရောက်သွားသောအခါ လူအုပ်ကြီးသည် တကယ်တမ်းတော့ သူ၏ဆိုင်အား အခြားတစ်ယောက်မှ ဦးယူထားသည်ဟု အထင်ရှိသဖြင့် ဝိုင်းအုံနေကြခြင်းဖြစ်ကြောင်း သိလိုက်ရသည်၊ သို့သော်ငြား ကိုယ့်နေရာမဟုတ်ပဲ အခြားသူ၏နေရာအား လုယူခြင်းသည် ကျောင်းတော်မှ ပြင်းထန်စွာ အရေးယူလေ့ရှိသော ပြစ်မှုတစ်ခုဖြစ်သောကြောင့် ထိုကဲ့သို့သော ကိစ္စရပ်မျိုးလည်း ရှိမလာနိုင်ပါပေ ။ 

နောက်ဆုံးတွင် ယူရှောင်မိုရောက်လာခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ လူနှစ်ဦးသည် အလွန်အမင်း ပျော်ရွှင်သွားကြလေ၏၊ ၎င်းတို့ထဲမှ တစ်ယောက်က စတင်၍ ပျော်ရွှင်စွာ စကားဆိုလေသည် ။

" ဟေး ကောင်လေး နောက်ဆုံးတော့ ရောက်လာပြီပေါ့! ငါတို့မှာတော့ မင်းကို စောင့်နေလိုက်ရတာ .. ပီးတော့ မနေ့ကတောင် ဒီမှာ လာစောင့်နေကြသေးတယ် .. မင်းမလာဘူးလို့များ ဘယ်သူက တွေးမိမှာတဲ့လဲ? "


ယူရှောင်မိုမှ အံ့အားသင့်သွားကာ..

" ဟုတ်လား.. ကျွန်တော် မနေ့က အလုပ်နည်းနည်းရှုပ်နေလို့ မလာမိတာပါ . . ဒါနဲ့ . . ခင်ဗျားတို့က ဘာလို့ဒီမှာ လာစောင့်နေကြတာလဲ? "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now