CHAPTER 303

6.6K 1.3K 35
                                    


Zawgyi ver..

တင်းကြပ်သော လိုအပ်ချက်များ

ငါးရက်ကြာပြီးနောက် နောက်ဆုံးတွင် ထုံယွယ်ရွှီ ကျင့်ကြံရေးခန်းမမှ ထွက်လာခဲ့သည် ။

ယူရှောင်မိုနှင့်လင်းရှောင်သည် ဤရက်များအတွင်း အနီရောင်ကဒ်နှင့်ပတ်သက်သည့် အချက်အလက်များအား အေးအေးလူလူသာ စုံစမ်းတော့မည်ဟု တွေးထားကြသည်၊ အဘယ်ကြောင့်ဆိုသော် အနီကဒ်ရရန် ပိုမိုလွယ်ကူသော နည်းလမ်းတစ်ခု ရှိခဲ့ပါလျှင်လည်း ထိုကိစ္စအား တစ်ရက်အတွင်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်သောကြောင့် ထိုကိစ္စအား အသဲအသန် လိုက်လံစုံစမ်းနေစရာ မလိုအပ်ပေ ။

ထို့ကြောင့် ၎င်းတို့နှစ်ယောက် အခန်းတွင်းသာအောင်းနေခဲ့ကြပြီး ယူရှောင်မို ဆေးဖော်ခြင်း၊ နယ်မြေထဲတွင် အမြန်နှုန်းလေ့ကျင့်ခြင်းတို့ဖြင့်သာ အချိန်ဖြုန်းနေခဲ့သည်မှာ ထုံယွယ်ရွှီထွက်လာသည်အထိပင်၊ ၎င်းတို့အခန်းများမှာ ဘေးချင်းကပ်ဖြစ်သဖြင့် ထုံယွယ်ရွှီပြန်ရောက်မရောက်ဆိုသည်မှာလည်း အထူးအထွေ စုံစမ်းစရာမလိုသော ကိစ္စဖြစ်သည် ။

ထုံယွယ်ရွှီသည် ထိုနှစ်ယောက်မှ အနီရောင်ကဒ်အကြောင်းမေးလာသောအခါ အနည်းငယ်ထူးဆန်းသလို ခံစားရသော်လည်း သူသိသမျှအား မခြွင်းမချန် ပြောပြပေးလေ၏ ။

" အနီရောင်ကဒ်အကြောင်းပြောရမယ်ဆိုရင်တော့ ရယူဖို့ နည်းလမ်းနှစ်ခုရှိတယ်၊ မင်းတို့လဲသိပြီးသာဖြစ်မှာပါ၊ ပထမနည်းလမ်းက အမှတ်တစ်သောင်းစုဖို့လေ၊ အဲ့ဒီနည်းက အရမ်းစိတ်ရှည်ဖို့လိုတာကြောင့် အောင်မြင်သွားတဲ့သူနည်းတယ်၊ အဲဒါကြောင့်မင်းတို့ ဒုတိယနည်းလမ်းကို အသုံးပြုတာ ပိုကောင်းလိမ့်မယ်.. "

" ကျွန်တော်တို့ ထင်သလိုပဲ နောက်တစ်နည်းရှိနေတာပါလား၊ မြန်မြန် ဆက်ပြောပြပါ.. "

" ဒုတိယနည်းလမ်းက အရမ်းပြိုင်ဆိုင်မှုပြင်းထန်တယ်၊ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရတော့ ပြင်ဆင်ထားရမယ်၊ အဲဒီနည်းလမ်းက ကျောင်းခွဲတစ်ရဲ့ စမ်းသပ်စစ်ဆေးမှုပဲ "

" အဲဒါဘာလဲ "

" စမ်းသပ်စစ်ဆေးမှုဆိုတာ ကျောင်းခွဲတစ်မှာ ကျင်းပလေ့ရှိတဲ့ နှစ်ပတ်လည်ပြိုင်ပွဲပဲ၊ ဆုတွေလည်းရက်ရက်ရောရော ပေးလေ့ရှိတယ်၊ အနိုင်ရရှိတဲ့သူတွေက ကြိုက်ရာဆုကိုရွေးချယ်နိုင်ပြီး အဲ့ဒီဆုတွေထဲမှာ အနီရောင်ကဒ်လည်းပါတယ်၊ ဒါပေမယ့်.. "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now