CHAPTER 262

8.3K 1.6K 91
                                    

Zawgyi ver..





သူတို့ သေးပေါက်ချင်လို့ နေမှာပေါ့..









မှော်ဆေးလုံးများ ရောင်းချသော ဈေးဆိုင်တန်းသည် အမြဲဆူညံစည်ကားလျက် ရှိသောကြောင့် ယူရှောင်မိုအတွက် သူ၏ဆေးလုံးများအား အော်ဟစ် ဈေးဗန်းခင်းဖို့ရာ အခွင့်မသာပါချေ ။

ယူရှောင်မိုသည် သူ၏ဆိုင်ခန်းအား နှစ်ရက် သို့မဟုတ် သုံးရက် တစ်ခါ မှသာ ဖွင့်တတ်သည်၊ ယူရှောင်မိုသည် အမှတ်များ ခြွေတာရန် အလို့ငှါ ဆိုင်ခန်းအား နေ့တိုင်းမငှါးပဲ ဆိုင်မဖွင့်မီ တစ်ရက်အလိုမှသာ အကြီးအကဲဝမ်ဆီသို့ တစ်ရက်စာ သွားငှါးလေသည်၊ ဤနည်းလမ်းသည် အနည်းငယ် အလုပ်ရှုပ်သော်ငြား အမှတ်များ ခြွေတာချင်သူ ယူရှောင်မိုအတွက်တော့ ကိစ္စမရှိပါပေ ။

ယနေ့သည် ယူရှောင်မို အခန်းသွားငှါးမည့်နေ့ ဖြစ်သည်၊ သူ၏နေရာသည် လာဘ်ပိတ်စေသော အထင်ကရ နေရာလေးခုထဲမှ တစ်ခုအပါအဝင် ဖြစ်သောကြောင့် အခြားသူများ လုယူသွားမည်ကို မစိုးရိမ်ရပေ၊ ထို့အပြင် လူအများသည် ထိုနေရာအား ယူရှောင်မို့နေရာဟု သိထားကြပြီး သူ့ဖောက်သည်များ၏ တံတွေးခွက်၌ ပက်လက်မမြောလိုလျှင် မည်သူမျှ ထိုနေရာအား လုယူရဲကြလိမ့်မည် မဟုတ်ပေ၊ သို့သော်လည်း အံ့အားသင့်စရာပင်.. သူ၏ အတွေးများအားလုံး လွဲချော်သွားရလေသည် ။






" အဲ့ဒီနေရာကို တခြားတစ်ယောက်က ငှါးသွားတယ် .. ဟုတ်လား? "

အခန်းငှါးရန် ကဒ်ထုတ်နေသော ယူရှောင်မို ရပ်တန့်သွားရလေသည် ။

" ဟုတ်တယ်.. မင်း နည်းနည်းလေး နောက်ကျသွားတယ် "

အကြီးအကဲဝမ်သည် သူ၏ မီးခိုးရောင် ပြောင်းနေပြီဖြစ်သော ဆံပင်များအား ကုတ်ရင်း ဖြေသည် ။

" လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းကပဲ လူငယ်လေးတစ်ယောက် မင်း အရင်နေ့တွေတုန်းက ငှါးခဲ့တဲ့ဆိုင်ကို ငှါးပေးပါ ဆိုပီး ရောက်လာတာ .. ပီးတော့ သူက တစ်ခါတည်း ဆယ်ရက်စာ ဆက်တိုက် ငှားသွားတာ "


စောက်ငကြွားတွေအတွက်တော့ အမှတ်နှစ်ဆယ်ဆိုတာ ဘာမှမဟုတ်သလိုပါပဲလား ..

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now