CHAPTER 290 (Part1)

7.1K 1.3K 25
                                    





Zawgyi ver..





မဟာမိတ်များအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း





အခြေအနေတင်းမာလျက်ရှိသော စင်မြင့်ပေါ်ရှိလေထုသည် အရှိန်ပြင်းပြင်း ထုတ်လွှတ်နေသည့် ဝိဥာဉ်စွမ်းအားများကြောင့် ပြင်းထန်စွာ လှုပ်ရှားလျက်ရှိနေသည် ။

ခမ်းနားကာ အားပြင်းလှသောဝိဥာဉ်စွမ်းအားများ၏ ဖိအားများအောက်တွင်ပင် လူအများ၏ အာရုံအား ဖမ်းစားထားနိုင်သည့် ပြိုင်ပွဲဝင်အချို့ရှိပေသေးသည်၊ ၎င်းတို့မှာ ထျန်းဇီရှင်း ချိုင်ကျန်း ချင်ချိုးနှင့် အတော်လေးသန်မာသည့် မထင်မရှားကျောင်းသားတစ်ဦးတို့ ဖြစ်သည် ။

ထျန်းဇီရှင်း၏အဆင့်မှာ အခြားသူများထက်နိမ့်သော်လည်း သူမသည် အဆင့်မြင့်ဝိဥာဉ်နှင့်စွမ်းရည် လေ့ကျင့်ရေးကျမ်းအား ကျင့်ကြံခဲ့ဖူးသည်၊ ဤအချက်ဖြင့်ပင် သူမ အခြားသူများနှင့် ပခုံးချင်း ယှဉ်ရပ်နေနိုင်ပေသည် ။

မကြာမီပင် စင်မြင့်ပေါ်ရှိ ငြိမ်သက်နေသော အနေအထားအား ပြိုင်ပွဲဝင်တစ်ဦးမှ စတင်ဖြိုခွဲလိုက်သည် ။

ပထမဆုံး စတင်လှုပ်ရှားလိုက်သည့်သူမှာ အမျိုးသမီး မှော်ဆရာတစ်ဦးဖြစ်ပြီး သူမပတ်ဝန်းကျင်ရှိပြိုင်ပွဲဝင်များအား စတင်တိုက်ခိုက်လေသည်၊ သူမကြောင့် ဘေးရှိလူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြကာ မိမိတို့၏ ဝိဥာဉ်စွမ်းအားများအား အလန့်တကြားဖြင့် ထုတ်လွှတ်ကြတော့သည်၊ ထိုအနီးတစ်ဝိုက်ရှိ အခြေအနေမှာ လုံးဝ ပရမ်းပတာဖြစ်ပြီး အချို့လူများလည်း စင်မြင့်ပေါ်မှ ပြုတ်ကျကုန်ကြလေတော့သည် ။

ထျန်းဇီရှင်းနှင့် သူမ၏အဖွဲ့သည်လည်း ငြိမ်မနေကြပါပေ၊ သူမတို့သည်လည်း ပြင်းထန်သော ဝိဥာဉ်စွမ်းအားများအား ထုတ်လွှတ်ကာ အခြားပြိုင်ပွဲဝင်များအား ဝင်ရောက်တိုက်ခိုက်ကြသည်၊ ခဏတွင်းပင် ပြိုင်ပွဲဝင်အုပ်စုတစ်စု စင်မြင့်ပေါ်မှ ပြုတ်ကျကာ ပြိုင်ပွဲမှ ထွက်ခွာသွားရလေသည် ။

ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့သည် အခြားပြိုင်ပွဲဝင်များအား တိုက်ခိုက်နေရင်း သူ့ဘက်သို့လည်း ဖြည်းဖြည်းချင်းစီ တိုးကပ်လာနေကြကြောင်း ယူရှောင်မို သတိပြုလိုက်မိသည်၊ သူ့အားမတိုက်ခိုက်မီ အခြားသူများအား အရင်ရှင်းလင်းနေကြောင်း သိသာလှပေသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now