CHAPTER 309

6.2K 1.1K 55
                                    

Zawgyi ver..





ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်း








လင်းရှောင်၏စကားများကြောင့် ယူရှောင်မို အကြီးအကျယ် စိတ်မသက်မသာဖြစ်သွားရသည် ။

သို့သော်  ယူရှောင်မိုသည် ၎င်းစကားအား နားထောင်ပြီးပြီးချင်း လင်းရှောင်တစ်ယောက် ထိုသို့တီထွင်လိုက်ရသည့် အကြောင်းအရင်းအား ချက်ချင်း ခန့်မှန်းမိသွားသည်၊ လင်းရှောင်မှ ပရိတ်သတ်များအား သူထန်မုန့်ချန်အား အလွယ်တကူ အနိုင်ယူခဲ့သည်ဟု မထင်စေလိုသောကြောင့် တမင်တကာ လက်နက်နှင့်တိုက်ကွက်များ ဖန်တီးသရုပ်ပြခဲ့ရာ သူသည်လည်း ထိုနည်းလည်းကောင်း အလှည့်စား ခံလိုက်ရခြင်းဖြစ်ပေသည် ။

လင်းရှောင် ယူရှောင်မို၏ အူတူတူ အမူအယာလေးအားကြည့်ရင်း သဘောကျနေမိသဖြင့် တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်မှာပင် အနောက်ဘက်မှ စိတ်ရွှင်မြူးတူးနေသောအသံဖြင့် ခေါ်သံတစ်သံအား ကြားလိုက်ရလေ၏ ။

" ညီလေးယူ၊ ညီလေးလင်း မင်းတို့တကယ်ရောက်လာကြတာပဲ "

ယူရှောင်မိုတို့နှစ်ယောက် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသောလူတစ်ဦး ၎င်းတို့ထံသို့ လျှောက်လာနေသည်အား တွေ့လိုက်ရသည်၊ ထိုသူသည် ယူရှောင်မိုအား ကျောင်းဝင်ခွင့်စာမေးပွဲတွင် ကူညီပေးခဲ့ဖူးသော ကောင်းယန်ပင် ဖြစ်ချေသည် ။

ယူရှောင်မိုသည် ကျောင်းခွဲတစ်သို့ ရောက်လာစဉ်ကတည်းက ကောင်းယန်အား သွားရောက်နှုတ်ဆက်ရန် စိတ်ကူးနေခဲ့သည်၊ သို့သော် သူသည် ကောင်းယန် မည်သည့်နေရာ၌နေထိုင်သည်အား မသိရသည့်အပြင် တစ်ဖက်လူ၏ အမူအကျင့်အရဆိုလျှင် များသောအားဖြင့် ကျင့်ကြံရေးခန်းမ၌သာ အချိန်ဖြုန်းနေလောက်မည်ဟု တွေးမိလေ၏၊ ထို့ကြောင့် ၎င်းအားရှာဖွေစုံစမ်းရမည်မှာ အနည်းငယ် ကရိကထများလောက်မည်ဖြစ်သဖြင့် ထိုကိစ္စအား ခေတ္တဆိုင်းငံ့ထားခဲ့မိသည်၊ ယခု ဒီလိုနေရာ၌ သူတို့နှစ်ယောက် ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု မတွေးခဲ့မိပေ ။

ယူရှောင်မို ၎င်းအား ပျော်ရွှင်စွာ အော်ဟစ် နှုတ်ဆက်လိုက်သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now