CHAPTER 257

8.4K 1.5K 57
                                    


Zawgyi ver..





အဲ့ဒီ သက်ကြားအို စောက်ဓားပြကြီး!!













လမ်းမအလယ်ခေါင်၌ ပိတ်ဆို့နေသည်မှာ မွဲပြာရောင် အစင်းအဝတ်အား ဝတ်ဆင်ထားသည့် ထူးဆန်းသည့် လူအိုကြီးတစ်ဦးသာ ဖြစ်သည်၊ သူ၏ဆံပင်များမှာ အလွန်တရာမှ ရှုပ်ပွနေပြီး ၎င်းအား အနီးကပ် ရှင်းရှင်းလင်းလင်း  မကြည့်ရသေးမှီမှာပင် ၎င်းထံ၌ သန့်ရှင်းသပ်ရပ်မှု ဆိုသည်အား တစ်စက်ကလေးမျှ ရှာမတွေ့၊ ထိုအချိန်၌ ၎င်းသည် ကျောက်တုံးတစ်တုံးပေါ်၌ ဆောင့်ကြောင့်ထိုင်နေကာ လမ်းသွားလမ်းလာများအား နှောင့်ယှက်လျက်ရှိ၏၊ ၎င်းအား တွန်းထုတ်ဖယ်ရှားရန် ကြိုးပမ်းနေကြသော လူအချို့ ရှိပါသော်ငြား ၎င်းတို့အားလုံး အမည်မသိ စွမ်းအားတစ်ခုမှ တွန်းထုတ်ခြင်းအား ခံလိုက်ကြရ၏ ။


လူတိုင်း အတန်းနောက်မကျရန် စိတ်လောနေကြသောကြောင့် ၎င်းအဖိုးအို အရှေ့၌ အားလုံး၏ အမူအရာများသည် ပျော်ဖို့ရွှင်ဖို့ဝေးစွ .. အယုတ္တအနတ္တ စကားများသာ နှုတ်မှ တရစပ် ထွက်လာကြကုန်၏၊ ထို့အပြင် ၎င်းအဖိုးကြီးအား မည်သူမည်ဝါမှန်းလည်း မသိကြ၊ တစ်ခု သေချာသည်မှာ ၎င်းအဖိုးကြီး၏ ဝတ်ပုံစားပုံ နေပုံထိုင်ပုံအား ကြည့်၍ အကဲဖြတ်လျှင် သေချာပါက် ကျောင်း၏ အကြီးအကဲတစ်ဦးတော့ မဖြစ်တန်ရာ ။

မကြာမီအချိန်အတွင်း အတန်းစတင်တော့မည်ဖြစ်ကာ ၎င်းအဖိုးကြီးကလည်း ဖယ်ပေးမည့် အရိပ်အယောင် စိုးစိမျှ မရှိသောကြောင့် ထိုနေရာရှိ ကျောင်းသားများ စတင် ယောက်ယက်ခတ်လာကြကုန်၏၊ နောက်ဆုံးတွင် တစ်စုံတစ်ဦးမှ အရှေ့ထွက်ရန် ဆုံးဖြတ်လိုက်ဟန်တူသည်၊ ၎င်းမှာ သတ္တိအတော်အတန်ကောင်းသော လူငယ်တစ်ဦးဖြစ်ကာ ၎င်းသည် အဖိုးအိုရှေ့၌ မတ်တပ်ရပ်လိုက်ပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်သည် ။

" ဟေး လူအိုကြီး.. ကျနော်တို့ အတန်းသွားတက်ရမှာမို့ တဆိတ်လောက် လမ်းဖယ်ပေးပါလားဗျာ .. "





ထိုအခါ အဖိုးကြီးသည် ၎င်း၏ခြေထောက်များအား တစ်ချောင်းပေါ် တစ်ချောင်း ထပ်တင်လိုက်ကာ သူ၏ခေါင်းအား အသည်းအသန် ခါယမ်းလေ၏ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now