CHAPTER 256

8.7K 1.5K 163
                                    


Zawgyi ver..



















အတန်းတက်ဖို့ သွားတဲ့လမ်းမှာ တစ်ခုခုပဲ!









ပိုင်လီထျန်ယီသည် ယူရှောင်မိုနှင့် လင်းရှောင်တို့ ရောက်ရှိနေခြင်းအား သတိထားမိနေသည်မှာ ကြာပြီဖြစ်သောကြောင့် နှုတ်ဆက်ရန် သွားရန်ပြင်သည်၊ ထိုအချိန်တွင် ထန်ယွီလင်းမှ သူ၏လက်မောင်းအား ဆွဲချကာ ပြန့်ကျဲနေသော ပစ္စည်းများအား ကောက်သိမ်းခိုင်းသောကြောင့် မတတ်သာတော့ပဲ ထန်ယွီလင်းနှင့်အတူ ပစ္စည်းများ သိမ်းကူပေးနေရတော့သည် ။








ထိုသို့ ကောက်သိမ်းနေရင်း ပိုင်လီထျန်ယီမှ မကျေမနပ် ရေရွတ်လေ၏ ။

" သေစမ်းကွာ! ငါ အဲ့ဒီအကောင်တွေကို မနှင်လွှတ်ခင် ဆိုင်ကို အပြတ်ရှင်းသွားခိုင်းလိုက်ရမှာ .. "









ထိုအခါ ထန်ယွီလင်းမှ မျက်လုံးအရောင်များ ပြောင်းလဲသွားပြီး သူ့အား ယခင်နှင့်မတူ ခြားနားစွာ ကြည့်လျက် ပြောလေသည် ။

" ဟင်.. ခင်ဗျားက မှော်ဆေးပင်တွေ အပြတ် ဝယ်မလို့လား!? အော် . . .  ခင်များဝယ်မယ်ဆို ကျွန်တော်က သေချာပေါက် ဈေးလျော့ပေးရတော့မှာပေါ့ .. "









ထိုစကားအား ပိုင်လီထျန်ယီကြားသော် ပျော်ရွှင်မှုများ သူ၏ကိုယ်တွင်းတစ်လျောက် ပျံ့နှံ့သွားလေ၏ ။

" အင်း အဲ့ဒါဆိုလဲ  ကောင်းပြီလေ .. မင်းမှာ ဘယ်လောက်ကျန်သေးတာလဲ? ငါ အားလုံး ဝယ်မယ် "








ထန်ယွီလင်းသည် ၎င်းထံမှ မထင်မှတ်ထားသော အဖြေစကားကြောင့် ခေတ္တမျှ ဆွံ့အနေမိသည် ၊ ထို့နောက်မှ သတိပြန်ကပ်လာပြီး ..

" အော . .  ကျနော့မှာ ယွမ်ယန်ဆေးအတွက် ပစ္စည်း ဆယ့်ငါးစုံရှိတယ်..  အဲ့ဒါကို ကျနော် အမှတ်သုံးဆယ်နဲ့ ပေးလိုက်မယ်.. ပီးတော့ ဟော့ရွှီဆေး ဆယ့်ရှစ်စုံ.. သုံးဆယ့်ခြောက်မှတ်နဲ့ ကျန်းယန်ဆေး ကိုးစုံကို သုံးဆယ့်ခြောက်မှတ်ပဲ ပေး .. အဲ့တော့ စုစုပေါင်း တစ်ရာနဲ့မှ နှစ်မှတ်ပဲ ကျတယ် . . "









" အင်း . . တော်တော်လေးကို ဈေးသက်သာတာပဲကွ .. "

ပိုင်လီထျန်ယီမှ ထိုသို့ရေရွတ်ပြီးနောက် အမှတ်များလွှဲပြောင်းရန် သူ၏ကဒ်အား ထုတ်ပေးလိုက်လေသည် ။




The Legendary Master's Wife (Myanmar Translation)Where stories live. Discover now