CHAPTER 281

6.9K 1.3K 56
                                    


Zawgyi ver..





မှော်ဝင်သားရဲ လှောင်ချိုင့်







" အား..... ဖီချိုနဲ့ ကြောင်ဘောလုံးတို့ မရှိတော့ဘူး! "

လူအများကြား တိုးဝှေ့ထွက်လာပြီးမှ ယူရှောင်မို သူ့ပခုံးပေါ်မှ ဖီချိုနှင့် ကြောင်ဘောလုံးတို့ မရှိတော့ကြောင်း သတိပြုမိသွားရသည်၊ ထိုအခါ လင်းရှောင်မှ ၎င်းအား စိတ်ငြိမ်စေရန် အရင်ထိန်းလိုက်ရသည် ။

" ဟိုနားဒီနား လျှောက်သွားပြီး ဆော့နေကြတာ နေမှာပါ "

ယူရှောင်မို သူ၏ခေါင်းအား ခါရမ်း၍ ငြင်းဆန်ရန်ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားရသည်၊ ၎င်းတို့၏ အကျင့်အရဆိုလျှင်တော့ လင်းရှောင်ပြောသည်မှာ ဖြစ်နိုင်သည် ။

သူမှတ်မိသည်မှာ ပြိုင်ပွဲကြည့်နေစဉ်က သူ့ပခုံးပေါ်၌ ထိုနှစ်ကောင် တညောင်ညောင် တဝေါင်းဝေါင်းဖြင့် သူ့ထက်ပင် ပို၍ ပြိုင်ပွဲအား စိတ်ဝင်တစားရှိနေခဲ့ကြသည်၊ သို့သော် ထိုနေရာမှ ပြန်ထွက်လာချိန်တွင်တော့ ယူရှောင်မို မမှတ်မိတော့ပေ ။

" မဖြစ်နိုင်ဘူး! ကြောင်ဘောလုံးတော့မသိဘူး ဒါပေမယ့်ဖီချိုက မွေးကတည်းက ကျွန်တော့်နောက်လိုက်လာတာလေ.. ဆိုတော့ ဘာစကားတစ်ခွန်းမှမပြောပဲနဲ့ တစ်နေရာကို  သူ့သဘောနဲ့သူ လုံးဝ ထွက်သွားမှာမဟုတ်ဘူး "




ယူရှောင်မို လှည့်ပတ်လမ်းလျှောက်ရင်း ဖြစ်နိုင်ခြေများအား အမျိုးမျိုး စဉ်းစားနေမိသည် ။


လင်းရှောင်သည် ယူရှောင်မို၏ ပခုံးအား လက်နှစ်ဖက်ဖြင့်ဖိချလိုက်ပြီး လေသံဖျော့ဖျော့ဖြင့် ဆိုသည် ။

" အရင်ဆုံး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား.. ပြီးရင် ကိုယ်တို့ အဲ့နားကိုနောက်တစ်ခေါက် ပြန်သွားရှာကြမယ် ဟုတ်ပြီလား.. "





ထိုအခါယူရှောင်မို လင်းရှောင်၏လက်အားချက်ချင်းဆွဲကာ ခြေလှမ်းပြင်လိုက်သည် ။

" အဲ့ဒါဆိုလဲ ဘာစောင့်နေတာလဲ မြန်မြန်သွားမယ် လာ! "




လင်းရှောင် ၎င်းအားကြည့်ရင်း ရယ်ချင်လာသည် ။

" မင်းဘာလို့ သူတို့ကို အဲ့လောက်စိတ်ပူနေရတာလဲ "



The Legendary Master's Wife (Myanmar Translation)Where stories live. Discover now