CHAPTER 274

8K 1.5K 230
                                    







Zawgyi ver..





အဖိုးအို၏ လုံးဝ လူသိမခံနိုင်သော လျှို့ဝှက်ချက်တစ်ခု

















ယူရှောင်မို စာအုပ်ဖတ်နေချိန်တွင် လင်းရှောင်က အဖိုးအို၏ စာဖတ်ခန်းအား လှည့်ပတ်ကြည့်ရှုနေသည် ။


နောက်တစ်နာရီခွဲခန့် ကြာသောအခါမှသာ အဖိုးအို အိပ်ယာမှ နိုးလာ၏၊ နိုးထလာပြီးနောက် ၎င်းပထမဆုံး သွားသည့်နေရာမှာ စာဖတ်ခန်းပင်..၊ ထိုစာဖတ်ခန်း တံခါးအား ဆွဲဖွင့်လိုက်သောအခါ စားပွဲရှေ့ ထိုင်၍ စာဖတ်နေသော ချစ်တပည့်လေးအား တွေ့လိုက်ရသည်၊ အဖိုးအိုမှ သူ့အား စိုက်ကြည့်နေကြောင်း သတိထားမိသွားသောအခါ ယူရှောင်မို ချက်ချင်း တောင့်ခဲသွားပြီး အခြေအနေအား သတိကြီးစွာဖြင့် အကဲခတ်နေမိတော့၏ ။

ထိုသက်ကြားအိုသည် သူ့အား နှစ်ရက်ဆက်တိုက် ဒုက္ခပေးခဲ့သည်ဖြစ်ရာ ယနေ့တွင်လည်း မည်သို့ လူလည်ကျဦးမည်အား မခန့်မှန်းနိုင်ပေ ။




" ထုအာလေး.. ဒီနေ့ ဘာလို့အစောကြီး လာရတာလဲ "

အဖိုးအိုနှင့် ယူရှောင်မို အကြည့်ချင်း ဆုံမိသောအခါ အဖိုးအိုမှ အလွန် ပျော်ရွှင်စွာ နှုတ်ခွန်းဆက်လာ၏၊ ၎င်း၏ ကိုယ်ဟန် အမူအယာ အကုန်လုံးသည်  သာမာန် သက်ကြီးရွယ်အိုများ ပြုလုပ်နေကျဖြစ်သော ယေဘုယျ အပြုအမူများနှင့် ဘာမျှ ကွာခြားမှုမရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည် ။





ယူရှောင်မိုသည် ၎င်းသက်ကြားအိုမှ သူ့အား အရူးလုပ်လို၍ ဟန်ဆောင်နေခြင်း ပေလောဟု စဉ်းစား အဖြေထုတ်နေသည်မှာ  ခေါင်းပေါက်ထွက်လုမတတ်ပင်..၊ အဖိုးအိုသည် ယခင်နေ့က နည်းလမ်းအတိုင်း တစ်သမတ်တည်း ပြုမူနေပေရာ ယူရှောင်မိုမှ နောက်တစ်ကြိမ်ထပ်၍ အရူးလုပ်ခံလိမ့်မည်ဟု တွေးနေပေ၍လော မပြောတတ်ပေ ။



" ... ရှစ်ဖူ ကျွန်တော့်ကို အရူးလိုက်လုပ်နေရတာ မဝသေးဘူးလားဗျာ  ဒီတစ်ခါတော့ ကျွန်တော် ရှစ်ဖူရဲ့ လှည့်ကွက်ထဲ  လုံးဝ အမိခံတော့မှာ မဟုတ်ဘူး!  "


ထိုစကားအား ကြားသော် အဖိုးအို ခေတ္တမျှ အံ့သြသွားသည်၊ ထို့နောက် စကားဆက်ပြောလာ၏ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now