CHAPTER 290 (Part 2)

6.6K 1.3K 53
                                    



Zawgyi ver..






ချိုင်ကျန်းတစ်ယောက် ယူရှောင်မို သူ့ထံဦးတည်လာနေသည်ကို မြင်သောအခါ မျက်လုံးထဲ၌ ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်၊ ယူရှောင်မိုမှ သူ့ရှေ့မှောက် ကိုယ်တိုင်လာရောက်သည်ဖြစ်သဖြင့် တကူးတကသွားရှာနေစရာမလိုတော့ဟုတွေးကာ ချိုင်းကျန်းတစ်ကောင် အကျေနပ်ကြီးကျေနပ်နေပေသည် ။

ချိုင်ကျန်းသည် သူ့အနား ယူရှောင်မိုရောက်လာရန်ပင် မစောင့်တော့ပဲ လက်ကွက်စည်းတံဆိပ်တစ်ခု အမြန်ဖော်ဆောင်လိုက်၏၊ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းခန္ဓာကိုယ်မှ ဝိဥာဉ်စွမ်းအားများ ထွက်ပေါ်လာကာ အကာအရံ အထိန်းအကွပ်မဲ့သောဝိဥာဉ်စွမ်းအားတို့ ပျံနှံ့ထွက်ပေါ်လာပြီးနောက် အလွန်ကြီးမားသော မာန်ဖီနေသည့်ကျားတစ်ကောင်အဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းသွားကာ ယူရှောင်မိုရှိရာတည့်တည့်သို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည် ။



ချိုင်ကျန်း၏ ဝိဥာဉ်စွမ်းအားများ သူ့ထံဦးတည်လာနေသည်ကို အာရုံခံမိသောအခါ ယူရှောင်မို ရွေ့လျားနေရာမှ ရပ်တန့်လိုက်သည်၊ ထို့နောက် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ဝိဥာဉ်စွမ်းအားအချို့အား ဆင့်ခေါ်လိုက်ပြီး လျင်လျင်မြန်မြန်ပင် လက်သီးဆုပ်ပုံအဖြစ်သို့ ပေါင်းစပ် ဖွဲ့စည်းလိုက်၏၊ ထို့နောက် အားမာန်အပြည့်ဖြင့် ပြေးလာနေသော ချိုင်ကျန်းကျား၏ ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ်ကြီး ပစ်သွင်းလိုက်လေသည် ။




၎င်းတို့နှစ်ယောက်၏ ဝိဥာဉ်စွမ်းအားများ ထိပ်တိုက်တွေ့ကြသောအခါ ပတ်ဝန်းကျင်လေထုအတွင်း လှိုင်းများဖြစ်ပေါ်လာပြီး အနီးရှိလူများ ဟန်ချက်ပျက်လုလုပင် ဖြစ်ကုန်ကြတော့သည် ။


ထို့နောက်တွင်မူ ယူရှောင်မို့လက်သီးနှင့် ချိုင်ကျန်း၏ကျားတို့ နှစ်ခုစလုံး ပျောက်ကွယ်သွားသဖြင့် ၎င်းတို့၏ ပထမဆုံးတိုက်ကွက်အား သရေအဖြစ် သတ်မှတ်ရပေတော့မည်ဖြစ်သည်၊ သို့သော်လည်း ထိုတိုက်ကွက်မှာ ၎င်းတို့၏ အင်အားအကုန် မဟုတ်သေးကြောင်း ကာယကံရှင်ဖြစ်သူများကတော့ ခံစားမိကြလေသည် ။



The Legendary Master's Wife (Myanmar Translation)Where stories live. Discover now