CHAPTER 261.

9.3K 1.5K 76
                                    




Zawgyi ver..










လူ့အဝတ်အစားနဲ့ တိရစ္ဆာန်ကောင်!










ညချမ်းအချိန် တစ်လက်လက် တောက်ပနေသော လရောင်ဖျာကျနေခိုက် တစ်ဝက်သာ ဖွင့်ဟထားသော ပြတင်းပေါက်မှ ဖြတ်၍ မှိန်ပျပျအလင်းရောင်အောက်၌ သက်ဝင်လှုပ်ရှားလျက်ရှိသော အသက်အရွယ် ကန့်သတ်ထားသည့် မြင်ကွင်းတစ်ခုအား မပီဝိုးတဝါး မြင်နိုင်ပေ၏ ။




စိတ်ဆန္ဒများ ပူပြင်း တက်ကြွနေမှုကြောင့် မျက်နှာတစ်ပြင်လုံး ပန်းသွေးနီရောင် လွှမ်းလျက်ရှိသော ယူရှောင်မိုသည် နူးညံ့ပျော့ပြောင်းသော မွေ့ယာထက်၌ လေးဖက်ထောက်လျက် အနေအထားဖြင့်ရှိ၏၊ သူ၏ ခန္ဓာကိုယ်လေးသည် တစ်စုံတစ်ယောက်၏ အနောက်မှ မရပ်မနား ထိုးသွင်းမှုများကြောင့် အဆက်မပြတ် လှုပ်ခါလျက် .. ၊ အံကို တင်းတင်းကြိတ်ထားပါသော်ငြား သာယာမှုကြောင့် လျှံကျလာသည့် ညည်းသံများကိုမူ ထိန်းချုပ်ထားနိုင်စွမ်း မရှိပါချေ ။







" ခင်ဗျား .. ဖြည်းဖြည်း .. အာ့ .. "

မောဟိုက်နေသံဖြင့် ယူရှောင်မို လင်းရှောင်အား တားဆီးလျက်ရှိ၏ ။









အဆက်မပြတ် ထိုးသွင်းမှုများကြောင့် သူ၏ မျက်လုံးများ နီရဲနေပေပြီ၊ လှိုင်းလုံးများသဖွယ် အနောက်ပိုင်းဆီမှ တလိမ့်လိမ့် တက်လာနေသော သာယာမှုများသည် ရပြီးရင်း ရနေသည့်တိုင် လိုချင်ပြီးရင်း ထပ်လိုချင်နေကာ ယူရှောင်မို၏ လိုအင်ဆန္ဒများ အဆုံးစွန်ထိ မပြည့်မြောက်နိုင်သေး .. ။



သူ၏ အနောက်မှ လင်းရှောင်သည်လည်း ယူရှောင်မို၏ ခါးသိမ်သိမ်အား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ကာ အရှိန်လျှော့မည့်ဟန် မပေါ်ပဲ အသွင်းအထုတ်များကိုသာ သဲကြီးမဲကြီး ဆက်လက်လုပ်ဆောင်နေ၏၊ ၎င်းတို့ နှစ်ဦး ခန္ဓာကိုယ်ချင်း ဆက်သွယ်လျက်ရှိသော နေရာမှ ဆောင့်တက်လာသော နွေးထွေးပြည့်ကြပ်မှုများသည် ထိုသူနှစ်ဦးစလုံးအား ပိုမို တောက်လောင်လာစေကာ ဆောင့်ချက် အချက်တိုင်းအား ပိုမို ပြင်းထန်လာစေပြီး အချက်တိုင်းသည်လည်း ယူရှောင်မို၏ ခံစားမှုအကောင်းဆုံး နေရာလေးအား သွားရောက် ထိခတ်နေတော့၏ ။


The Legendary Master's Wife (Myanmar Translation)Where stories live. Discover now