CHAPTER 320

6.5K 992 47
                                    







Zawgyi ver..




မာန်မာနဝင့်လွှားငှက်








အဆင့်တစ်ဆယ်သားရဲတစ်ကောင်သည် တောနက်တောင်တန်း၏ အန္တရာယ်ကြီးများထဲ တစ်ခုအပါအဝင်အဖြစ် မြေမညီကုန်းလျှောအတွင်း နေထိုင်ကျက်စားလျက်ရှိသည် ။

ထိုနေရာတစ်ဝိုက်၌ အဆင့်ကိုးသားရဲများရှိသော်လည်း ၎င်းတို့အားလုံးသည် ထိုအဆင့်တစ်ဆယ်သားရဲ၏ အမိန့်ကိုသာ နာခံကြရသည်၊ ကောလာဟလများအရ ထိုသားရဲသည် အဆင့်တစ်ဆယ် မှော်ဆေးပင်တစ်ပင်အား ကာကွယ်စောင့်ရှောက်နေရသဖြင့် အခြားသတ္တဝါများ၏ ဆေးပင်များအပေါ် စိတ်ဝင်စားမှုမရှိဟုလည်း ဆိုကြသည် ။

ထို့ကြောင့် ၎င်းဆေးပင်အားရှာဖွေရန် အမြန်ဆုံးနည်းလမ်း၏ သော့ချက်မှာ သေချာပေါက် ထိုသားရဲပင် ဖြစ်ပေသည် ။

ထိုသို့အကြံရပြီးမကြာမီ ယူရှောင်မိုတို့နှစ်ယောက်သည် ထိုအဆင့်တစ်ဆယ်သားရဲနေထိုင်ရာ လှိုဏ်ဂူတစ်ဖြစ်လဲ အသိုက်အမြုံအား ရှာဖွေတွေ့ရှိသွားတော့သည်၊ ၎င်းသားရဲသည် လူသားအသွင်ရရှိထားပြီးဖြစ်ရာ မည်သည့်သားရဲမျိုးစိတ်မှန်း ယူရှောင်မို တစ်ချက်ကြည့်ရုံဖြင့် မခန့်မှန်းနိုင်ပေ ။

လင်းရှောင်မှ ရှင်းပြလေ၏ ။

" သူ့ရဲ့မူလမျိုးရိုးက မာနဝင့်လွှားငှက်တဲ့၊ လူသားအသွင်နဲ့ဆို သူ့ဘေးပတ်လည်မှာ အနက်ရောင်အငွေ့တွေ ဝိုင်းနေတတ်တယ်၊ အဲ့အငွေ့တွေနဲ့ ထိမိတဲ့ဘယ်သူမဆို ပုပ်သိုးသွားပြီး တဖြည်းဖြည်းနဲ့ သေသွားရတယ်တဲ့၊ သာမန်အဆင့်တစ်ဆယ်သားရဲတွေဆိုတာ သူနဲ့ယှဉ်လို့တောင်မရဘူး "

" သူ့နာမည်က ပြစ်မျိုးခုနစ်ဖြာသားရဲတွေနဲ့ တူသလိုလိုပဲနော် "

ယူရှောင်မိုမှ နားထောင်နေရင်း မှတ်ချက်ပေး၏ ။

" တူတာမဟုတ်ဘူး.. သူကိုယ်တိုင်ကိုက ပြစ်မျိုးခုနစ်ဖြာသားရဲတွေထဲက တစ်ကောင်ပဲ၊ သူတို့တွေက ကျိန်စာတွေကြားက မွေးဖွားလာတဲ့ ထူးခြားတဲ့ မှော်ဝင်သားရဲတွေ၊ အင်အားမှာဆို မှော်ဝင်သားရဲဧကရာဇ်တွေပြီးရင် ဒုတိယကသူတို့ပဲ "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now