CHAPTER 254.

9.6K 1.6K 98
                                    


Zawgyi ver.





အခုချက်ချင်းပဲ လုပ်ကြရအောင်..

















ထိုခဏ၌ ယူရှောင်မိုတွေးလိုက်မိသည်မှာ လင်းရှောင်သည် sex အရူးအမူးတစ်ယောက် ဖြစ်သည် ဟူ၍ . . ။




တစ်ချက်မျှ မထိရသေးပါပဲ သူအား မြင်လိုက်ရုံမျှနှင့်ပင် လင်းရှောင်၏ အပေါင်းအပါသည် ထိုကဲ့သို့ ထကြွလာသည်၊ တစ်စုံတစ်ယောက်၏ လိုအင်ဆန္ဒများ ထိုမျှအထိ ပြင်းထန်နေကြောင်း မြင်လိုက်ရသည့်အခါ ယူရှောင်မို သေချင်စိတ်ပင် ပေါက်သွားရ၏၊ သူ ရေသံများအား ကြားလိုက်ရကတည်းက လင်းရှောင်တစ်ယောက် ရေချိုးနေမှန်း ရိပ်မိခဲ့ဖို့ကောင်းသည်၊ ယခုမူ မရိပ်မိသည့်အပြင်ကို တစ်စက္ကန့်မျှတောင် မစဉ်းစားပဲ ကျားခံတွင်းဝအထိ ကိုယ့်ခြေထောက်နဲ့ကိုယ် ဆင်းလာခဲ့သေးသည် ။


ယူရှောင်မို ခေါင်းမော့ကြည့်လိုက်သည့်အခါ လင်းရှောင်မှ သူ့အားတောင်ပစွာ ပြုံးလျက်ကြည့်နေပြီး ထိုအပြုံးမှ သူ့အား အတော်ဆိုးရွားသည့် ခံစားချက်ကြီးအား ပေးစွမ်းနေသည်၊ ထို့နောက် ရုတ်တရက် လက်တစ်ဖက် ဆန့်ထွက်လာကာ တုံ့ပြန်ချိန်ပင် မရလိုက်ပဲ သူ၏ခါးမှ ဆွဲပွေ့သွားလေတော့၏ ။


" အင့် . .  "

ခုခံချိန် မရလိုက်သောကြောင့် သူ၏နှာခေါင်းသည် လင်းရှောင်ရင်ဘတ်နှင့် မိတ်ဆက်သွားပြီး နာကျင်လွန်းသဖြင့် မျက်ရည်များ ဝဲတက်လာရ၏ ။




ထို့နောက် ယူရှောင်မို လင်းရှောင်၏ ဖက်တွယ်မှုအောက်မှ စတင်ရုန်းကန်လေသည်၊  လင်းရှောင်သည်လည်း ယူရှောင်မို၏ ခါးသိမ်သိမ်အား ပို၍တင်းကြပ်စွာ ဆွဲပွေ့ထားပြီး ယူရှောင်မို၏တစ်ကိုယ်လုံးအား သူ၏လက်မောင်းအောက်၌  ညှပ်ထားလေ၏၊ လင်းရှောင်၏ ပျားရည်ရောင်အသားအရည်သည် ယူရှောင်မိုနှင့် အလွန် နီးကပ်စွာ ရှိနေသောကြောင့် အဝတ်များခြားထားသည် ဖြစ်သော်ငြား အတွင်းမှ ဆန္ဒများ၏ တဖြည်းဖြည်း ပူလောင်လာမှုအား မတားဆီးနိုင်ပဲ ရှိနေ၏ ။


ယူရှောင်မို၏ ရုန်းကန်မှုသည် အချည်းနှီးဖြစ်ကာ သူ၏ခြေထောက်များ တဖြည်းဖြည်း ပျော့ခွေလာရသည်၊ သူ၏ နှာခေါင်းဝ၌လည်း လင်းရှောင်၏ အနံ့များ စွဲကပ်နေကာ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်၏ မြူဆွယ်ဖျားယောင်းနေသော ဟော်မုန်းနံ့များသည် သူ့အား စိတ်ပါလာစေရန် မနားတမ်း ဆွဲဆောင်နေပေတော့၏ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now