CHAPTER 279

7.8K 1.3K 72
                                    





Zawgyi ver..

အရည်အချင်းစစ်ပြိုင်ပွဲကြီး တရားဝင် စတင်ပြီ



မနက်စောစောတွင် ယူရှောင်မိုတစ်ယောက် သူ့ရင်ဘတ်ပေါ်တတ်အိပ်နေကြသော ဖီချိုနှင့် ကြောင်ဘောလုံးတို့ အလေးချိန်ကြောင့် လန့်နိုးလာရသည် ။

ချိုအသင်းထဲသို့ ကြောင်ဘောလုံးရောက်ရှိလာချိန်မှစ၍ ဖီချိုတစ်ကောင် အခြားအလုပ်များ စိတ်ဝင်စားပုံမရတော့ပဲ နေ့ရောညပါ ကြောင်ဘောလုံးအနား ကပ်၍နေသည်၊ အဆောင်အတွင်း၌လည်း တစ်နေကုန်လှည့်ပတ်၍ အတူတူဆော့ကစားကြသည်၊ အကယ်၍သာ အဆောင်တွင်းသို့ ၎င်းတို့ စိတ်တိုင်းကျဝင်ထွက်နိုင်ပါက ကမ္ဘာအဆုံးထိတိုင် ပတ်ပြေးဆော့ကစားနေကြလိမ့်မည်လားပင်မသိနိုင် ။



အိပ်ယာနိုးနိုးခြင်း လင်းရှောင်အား မမြင်မိသဖြင့် ယူရှောင်မို သူ့အပေါ်၌ထိုင်နေဆဲဖြစ်သော ဖီချိုအား လှမ်းမေးလိုက်သည် ။

" လင်းရှောင်ဘယ်မှာလဲ "

ထိုအခါ မှော်ဝင်သားရဲအသွင်ဖြင့် ဖီချိုမှ ကလေးဆန်စွာ ပြန်ဖြေသည် ။

" အောက်ထပ်မှာလေ.. "



ယူရှောင်မိုလည်း သူ့အပေါ်လွှမ်းခြုံထားသော ဂွမ်းစောင်များအားဖယ်၍ အိပ်ယာပေါ်မှထရန်ပြင်လိုက်သည်၊ ထိုအခါ ဖီချိုနှင့်ကြောင်ဘောလုံးတို့ နှစ်ကောင်မှ ရုတ်တရက် သူ၏ခေါင်းပေါ်ခုန်တက်လာကာ ထိုခေါင်းပေါ်၌ ဆင်ကော်ကဲ့သို့ ကုပ်တွယ်နေကြလေသည် ။

ယူရှောင်မို ကြည့်မှန်မှတစ်ဆင့် သူ၏ခေါင်းပေါ် ဘယ်တစ်ကောင်ညာတစ်ကောင်ကပ်နေသော အကောင်နှစ်ကောင်အား မြင်သော် မျက်နှာချက်ချင်း ရှုံ့မဲ့ပြလိုက်သည် ။

" မင်းတို့တွေဘာလုပ်နေကြတာလဲ.. ဆင်းလာခဲ့ ငါအခုခေါင်းဖြီးတော့မလို့ "


ကြောင်ဘောလုံးမှ သူ၏မျက်လုံးများအား ချစ်စရာကောင်းအောင်မျက်တောင်ခပ်ကာ ယူရှောင်မိုအား တုံ့ပြန်သည် ။

" မြောင်~ "
(မဆင်းပေးနိုင်ပါဘူးနော်!)

ဖီချိုကတော့ အပေးအယူလုပ်လိုသော လေသံဖြင့် တုံ့ပြန်သည် ။

The Legendary Master's Wife (Myanmar Translation)Unde poveștirile trăiesc. Descoperă acum