CHAPTER 312

5.7K 1.1K 98
                                    


Zawgyi ver..



ကာကွယ်စောင့်ရှောက်သူ




ယူရှောင်မို ငိုချင်နေသော်လည်း မျက်ရည်တစ်စက်မှ ထွက်မလာပေ၊ သူကိုယ်တိုင်လည်း ဤလောက်မြန်မြန် အဆင့်တက်လိမ့်မည်ဟု တွေးမထားခဲ့မိသည်လည်း ပါသည်၊ လွန်ခဲ့သည့်ရက်များအတွင်းက သူ့ကိုယ်သူ အချိန်မရွေး အဆင့်တက်သွားနိုင်ကြောင်း သတိထားမိခဲ့သော်လည်း ပြီးခဲ့သည့် ရက်နှစ်ဆယ်အတောအတွင်း ဘာကျင့်ကြံမှုမှ မရှိခဲ့သဖြင့် မေ့မေ့ပျောက်ပျောက် နေနေခဲ့မိသည်၊ မည်သူက ရုတ်တရက် အဆင့်တက်လိမ့်မည်ဟု ထင်မိပါလိမ့်မည်နည်း ။

ထိုလူငယ်မှ သူအဆင့်တက်တော့မည်ဟု အော်လိုက်သောအခါ ယူရှောင်မို သူ့ကိုယ်သူ ချီးတွင်းထဲကျပြီမှန်း သိရှိလိုက်ရသည် ။

သူသည် စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာအောက်၌ အဆင့်တက်ရပေတော့မည် ။

သူ့မှာရှိသမျှကား ကျောင်းတော်မှ သတ်မှတ်ပေးထားသော အချင်းချင်းမတိုက်ခိုက်ရဟူသည့် စည်းမျဉ်းရေးရေးလေးသာ အားကိုးစရာရှိသည်၊ မည်သို့ပင်ဖြစ်စေ သူတရားစထိုင်လိုက်သည်နှင့် မည်သည်ကိုမှ မသိနိုင်တော့သောကြောင့် အကယ်၌ ထျန်းဇီရှင်းနှင့် ချိုင်ကျန်းတို့၏လူများသာ ဤလူအုပ်အတွင်း ပါနေခဲ့ပါက ထိုသူများမှ လေထုထဲမှတစ်ဆင့် တစ်ခုခု မပစ်လွှတ်လိုက်နိုင်ဟု မဆိုနိုင်ပေ၊ ထို့ကြောင့် ယူရှောင်မို သူ၏ကာကွယ်စောင့်ရှောက်သူအဖြစ် ကူညီပေးရန် လူတစ်ယောက်ယောက်အား အရေးပေါ် လိုအပ်နေပြီဖြစ်သည် ။

ထိုအချိန်တွင် လူတစ်ယောက် သူ့ဆီသို့ လျှောက်လာသည် ။

ယူရှောင်မို ခေါင်းမော့ကြည့်လိုက်သောအခါ ရောက်လာသူကြောင့် အံ့သြမှင်တက်နေမိသဖြင့် မျက်တောင်ပင်မခတ်မိပေ၊ ၎င်းမှာ ထျန်းဇီယဲ့ဖြစ်နေ၏ ။

ထျန်းဇီယဲ့မှ သူ့အား အမူအယာမရှိသောမျက်နှာဖြင့် ကြည့်ရင်း စကားစပြောသည် ။

" ငါမင်းရဲ့စောင့်ရှောက်သူ ဖြစ်ပေးမယ် "

သူ့ရန်သူတော်၏အစ်ကိုသည် သူ့စောင့်ရှောက်သူအဖြစ် ကူညီပေးမည်! ထိုအလှည့်အပြောင်းသည် သူမျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေပေသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now