CHAPTER 269

8K 1.5K 235
                                    

Zawgyi ver..











ပုံရိပ်ယောင်ထောင်ချီ ဖန်ဆင်းရှင်





Reminder :::

ရှစ်တိ - ဆရာတူညီလေး
တရှစ်ရှုန်း - ဆရာတူအကိုကြီး (ဆရာ၏ပထမဆုံးတပည့်)
ရှစ်ရှူ - ဆရာတူဦးလေး
ရှစ်ဖူ - ဆရာ










ချိုရန်သည် သူ၏ ရှစ်တိဟူသော ကောင်လေးအား ကြည့်ရင်း မျက်မှောင်ကြုပ်နေလေ၏ ။

အမှန်အတိုင်း ပြောရလျှင် သူသည် သူ၏ဆရာမှ တပည့်အသစ်တစ်ယောက် လက်ခံထားသည်ဟု ကြားသိလိုက်ရချိန်က အလွန် အံ့သြသွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ ဒုတိယရှစ်တိလေး ပျောက်ဆုံးသွားသည့် အချိန်မှစ၍ သူ၏ဆရာသည် နောင်ဘယ်သောအခါမှ တပည့်လက်မခံတော့ ဟူ၍ ကြေညာမောင်း ခတ်ခဲ့သည်လေ ။




ထို့နောက်တွင်မူ ယခု နှစ်ပေါင်းငါးဆယ်ခန့် ကြာမြင့်ပြီးသော အခါတွင်မှ သူ၏ဆရာသည် ဆိုင်းမဆင့် ဘုံမဆင့်ပဲ တတိယမြောက် တပည့်အား ရုတ်ချည်း ရွေးချယ် လက်ခံခဲ့သည်၊ ထိုတင်မကပဲ တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်း တပည့်ဆိုသူသည် ထန်းဇီရှင်းအား တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ ချိုးနှိမ်ခဲ့ဖူးသူ ဖြစ်နေသည် ။







" ထုအာလေး! ထုအာလေး!! "

ယူရှောင်မို ကြက်သေ သေနေသောကြောင့် သွမ့်ချီထျန်မှ သူ့အား ခေါ်ငင်နေရသည် ။


ထိုအခါမှ ယူရှောင်မို အသိပြန်ကပ်လာပြီး ရှက်ကိုးရှက်ကန်းဖြင့် နှုန်ဆက်လေ၏ ။

" ဆရာတူအကိုကြီး .... ဟိုင်း ... "




ထို့နောက် သူ၏ မျက်လုံးများသည် ချိုရန်၏ ကိုယ်ပေါ်သို့ လေ့လာ အကဲခတ်နေတော့သည်၊ ကောင်းကင်ဘုံ စိတ်ဝိဥာဉ်ကျမ်းကိစ္စ အသာထား.. ယခု သူ့အရှေ့ရှိ ဆရာတူအစ်ကိုကြီးသည် အဆင့်တစ်ဆယ် မှော်ဆရာတစ်ဦး ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်း၏ 'ပထမဆုံးအကြိမ် တွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်' သည် ပေါ့သေးသေး ဖြစ်လိမ့်မည် မဟုတ်၊ ထို့ကြောင့် ယူရှောင်မိုသည် ၎င်း၏ လက်ဆောင်အား အလွန်ပင် မျှော်လင့်နေမိသည် ။






The Legendary Master's Wife (Myanmar Translation)Where stories live. Discover now