CHAPTER 313

5.8K 1.1K 30
                                    



Zawgyi ver..




အတင်းအဖျင်းများနှင့် ပြန်လည်တွေ့ဆုံမှုတစ်ခု






ယူရှောင်မို ခါးသက်စွာ အံကြိတ်ထားမိသည်၊ သူစောင့်နေသည်မှာ ဆယ့်ငါးမိနစ်ကျော်နေခဲ့ပြီဖြစ်သော်လည်း အထဲရှိ နှစ်ယောက်မှာတော့ ထွက်လာမည့်အရိပ်အယောင်ပင် မမြင်ရသေးပေ ။

သူတို့တကယ်ကြီး ဆက်လုပ်နေကြတာပဲ! ပုံမှန်ဆို ဒီလိုဖြစ်သွားရင် ထွက်လာရတော့မှာ မဟုတ်ဘူးလား ။

ယူရှောင်မို ထန်ချွမ်မုန့်၏အိုင်ကျူနှင့် ပိုင်လီထျန်ယီ၏ မျက်နှာပြောင်တိုက်နိုင်မှုတို့အား လျှော့တွက်ခဲ့မိသည်ပင် ။

ထို့နောက်တွငိုင်လီထျန်ယီမှ ထန်ယွိလင်အား ဖေးမ၍ထွက်မလာမီအထိ နာရီဝက်မျှ ကြာမြင့်သွားခဲ့သည်၊ ထန်ချွမ်မုန့်၏ခြေထောက်များသည် လုံးဝပျော့ခွေညွတ်ကျနေပြီး ပိုင်လီထျန်ယီကိုသာ အလုံးစုံမှီခိုထားရသည်၊ သူ၏အသားအရည်မှာ လုံးဝစိုရွှမ်းကာ နှင်းဆီရောင်သမ်းနေသဖြင့် ၎င်း၏ပါးပြင်နှစ်ဖက်အား ညစ်ထုတ်ပါက အဆီအနှစ်များ စိမ့်ထွက်လာတော့မည်ဟုပင် ထင်ရသည် ။

ယူရှောင်မို တစ်စက်ကလေးမှ မအံ့သြမိတော့ပေ ။

အနှီထန်ချွမ်မုန့်၏ အကျင့်စရိုက်နှင့်ဆိုပါက ၎င်းအားဆွဲစားရန် အလွန်လွယ်ကူလိမ့်မည်ပင်၊ ထို့ကြောင့် ပိုင်လီထျန်ယီသာ ၎င်းအား အခုအချိန်အထိ မစားရသေးပါက စောက်သုံးလုံးဝမကျ၍သာ ဖြစ်ချေပေတော့မည် ။

ဒါပေမယ့် မိနစ်သုံးဆယ်ဆိုတာက မမြန်လွန်းနေဘူးလား?

ယူရှောင်မို ထိုနှစ်ယောက်အား သံသယမျက်လုံးဖြင့် စစ်ဆေးကြည့်လိုက်သည်၊ သို့သော် စောင့်ဆိုင်းချိန် မြန်လွန်းရသည့် မည်သည့်အကြောင်းပြချက်ကိုမှ ရှာမတွေ့ပေ ။

ထန်ယွိလင်သည် အနည်းငယ် မောပန်းနေဟန်ပေါ်သော်လည်း  မျက်လုံးများမှာ တောက်ပနေဆဲဖြစ်သည်၊ ထို့နောက် ပိုင်လီထျန်ယီဆီသို့ လှည့်၍ ပျော်ရွှင်စွာ ဆိုလိုက်သည် ။

" ကျွန်တော် မှော်ဆေးပင်တွေ စုထည့်ထားတဲ့အိတ်လေး သွားယူပေးစမ်းပါ "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now