Description

37K 1K 78
                                    

[Unicode]

ကျုံးပေါ်၏ စီရင်စုနယ်(၆)ခုသည် ပြင်ပရန်သူ
များဆီ လက်နက်ချ ပေးအပ်ခဲ့ရ၏။ ရှန်ဇယ်ချွမ်း
လည်း မြို့တော်၏ အချုပ်ခန်းအတွင်းသို့
ခေါ်ဆောင်သွားခံခဲ့ရပြီး၊ လူအများက ပြစ်တင်
မုန်းတီးနေသော ရေနစ်မြှုပ်နေသည့် ခွေးတစ်ကောင်
အဖြစ်သို့ လျော့ချခံခဲ့ရသည်။ ရှောင်းချီရယ်ကား
ဆူပူအုံကြွမှုများနောက်သို့ လိုက်ကာ လူအများ
ကြားမှ တိုးထွက်လာ၏။ သို့ရာတွင် သူသည် တခြားသူများနှင့် ရှန်ဇယ်ချွမ်းအား ရန်တိုက်ပေး
မည့်အစား၊ ဒုက္ခသည်ရှန်ဇယ်ချွမ်းကို သူကိုယ်တိုင် ခြေထောက်နှင့် ကန်ပစ်ခဲ့ပါ၏။ အနှီးဒုက္ခဟာ
သွေးများစွာနှင့်၊ သေအံ့မူးမူးဖြစ်နေချိန်မှာတောင်
တစ်ဖက်ကို လှည့်ပြီး သူ့ကို ပြန်ကိုက်လိမ့်မည်ဟု
မည်သူက ထင်ခဲ့ပါမည်နည်း။ ထိုအရာကပဲ တစ်ဦးနှင့်တစ်ဦးဆုံတွေ့သည့်အချိန်တိုင်း ဆုတ်ဖြဲ
ပစ်ချင်လှသည့် လူနှစ်ဦးကြားက မော်ကွန်းတင်
လောက်သော ရန်ငြိုးတစ်ခု၏ အစ,ဖြစ်ခဲ့လေသည်။

"ကံကြမ္မာက ငါ့တစ်ဘဝလုံးကို ဒီမှာပဲ ချုပ်နှောင်
ထားချင်နေတယ်။ ဒါပေမဲ့ ဒီလမ်းက ငါ ရွေးချယ်
မယ့်လမ်း မဟုတ်ဘူး။ ဝါကျင့်ကျင့်ဖုန်မှုန့်တွေ
ကလည်း ငါ့ရဲ့ညီအစ်ကိုတွေကို ဝါးမျိုသွားကြပြီ။
အပြောင်းအလဲမြန်တဲ့ ဒီကံကြမ္မာကိုလည်း ငါ တောင်းပန်ခယ,မနေချင်ဘူး။ အမိန့်စာလွှာတစ်ခုက ငါ့ရဲ့တပ်သားတွေကို မကယ်တင်နိုင်ခဲ့သလို့ တရားခုံရုံးကလည်း ငါ့မြင်းတွေရဲ့ဆာလောင်မှုကို မဖြည့်ဆည်းပေးနိုင်ဘူး။ ဒီထက်ပိုပြီး ငါ့ရဲ့ဘဝကို ချနင်းမခံနိုင်တော့ဘူး။ငါ အဲ့ဒီအတားအဆီးကို တွန်းလှန်ပစ်ချင်တယ်။ ပြီး‌တော့ ငါ့အတွက်ငါ
တိုက်ပွဲဝင်ချင်တယ်။"

∆ Main characters →
Seme_Xiao Chiye (ရှောင်းချီရယ်)
Uke _Shen Zechuan (ရှန်ဇယ်ချွမ်း)

"အပျော်အပါးနဲ့သာ အချိန်ဖြုန်းနေသည့်
ခန့်ညားသော Gong vs. အငြိုးအာဃာတ
ကြီးမားသလောက် ချောမောလှပသော Shou"

ရက်စက်‌သော ခွေး vs. မိုက်မဲသော ခွေး

ဒီNvထဲက Gong က အရင်ကNvတွေထဲက
ကောကောတွေထက် ပိုပြီး ကလိမ်ကညစ်ကျတဲ့
သူ။ (ဥပမာ_Nan Chan Novelကို
တစ်ချက်ကြည့်!)

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now