Chapter 25:(အာရုဏ်ဦး)

1.8K 396 116
                                    

[Unicode]
               - အာရုဏ်ဦး -

ကျောက်ဆောင်အနားသို့ ရောက်လာသော သူသည် ထိုအနားက ချုံပင်များကို တက်နင်းကာ ဟိုဟိုသည်
သည် အကဲခတ်ကြည့်ရှုနေသည်။ သူနှင့်အတူပါလာ
သော အမဲလိုက်ခွေးသည်လည်း အနံ့တစ်ခုခုကိုရနေ
ပုံပင်။၎င်းက သစ်ကိုင်းသစ်ခက်များကို နှုတ်သီးဖြင့် ဘေးဘက်သို့ တွန်းဖယ်ကာ မြေပြင်ကို လက်များ
ဖြင့် ကုတ်ခြစ်နေတော့သည်။

ရှန်ဇယ်ချွမ်း၏လည်ပင်းမှတဆင့် ခန္ဓာကိုယ်အောက်
ပိုင်းတစ်ခုလုံးဟာ ရေများဖြင့် စိုရွဲ‌၍ နေသည်။ ယခု
အခြေအနေ၌ သူတို့နှစ်ဦးဟာ တစ်ဖက်ရန်သူနှင့်
အလွန်နီးကပ်နေရာတွင် ပုန်းအောင်းနေရသဖြင့်၊
သူဟာ ရှောင်းချီရယ်ပြောသကဲ့သို့ နေရာရွေ့ထိုင်
ရန် အဆင်မပြေပါချေ။သို့ဖြစ်၍ သူဟာ ယခုအနေ
အထားအတိုင်းပင် ခပ်တည်တည်ဖြင့် ဆက်ထိုင်နေ
လိုက်သည်။

ရှောင်းချီရယ်သည် အစောပိုင်းကထက်ပို၍ ကသိ
ကအောက်နိုင်လာတော့သည်။ယခုကဲ့သို့ ကိုယ်ဟန်
အနေအထားအတိုင်းဆိုင်လျှင် သူ၏ အောက်က တစ်စုံတစ်ခုသည် ပြေလျော့သွားဖို့ မဖြစ်နိုင်တော့။
သူဟာ အချိန်တိုင်းလိုလို နူးညံ့ပြီး၊ ကျစ်လစ်သော အသားအရေတို့ဖြင့် ထိတွေ့နေရသည်။ သူ၏ကိုယ်
အပေါ်တွင် တက်ထိုင်နေသောလူဟာ သေချာပေါက်
လူစင်စစ်မဖြစ်နိုင်၊ တိမ်စိုင်တိမ်ခဲများက သူ့အား ရစ်ပတ်လွှမ်းခြုံနေသည့်နှယ်၊ သို့တည်းမဟုတ် စိုထိုင်းထိုင်းမြူခိုးများက သူ့အား လာရောက်ရိုက်
ခတ်သကဲ့သို့ တကယ့်ကို နူးညံ့သော အသားအရေ
တို့ဖြင့်။

ပတ်ဝန်းကျင်အခြေအနေက သူ၏ အတွေးများကို
ဆက်ခနဲ လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။သို့ပေသိ မဖြေလျော့တာကြာပြီဖြစ်သော ထိုနေရာလေးသည် ဆက်လက်၍ ခေါ‌င်းထောင်နေဆဲပင်။ ယခုကဲ့သို့
အခြေအနေကြီးသည် ရင်ဆိုင်ရန် ခက်ခဲလွန်းလှ
သဖြင့်၊ သူဟာ ချက်ချင်း ရေးအေးအေးလေးတစ်
ခေါက်လောက်ကိုပင် ပြေးချိုးပစ်ချင်လှသည်။

မိုးရေစက်များသည် သူ၏ ဆံပင်ကို စိုရွှဲစေ၏ ။

ဤကဲ့သို့ မတိုးသာမဆုတ်သာအခြေအနေကြီးကို
အတန်ကြာအောင် ရင်ဆိုင်လိုက်ရပြီးနောက်၊
ရှောင်းချီရယ်သည် အားအင်တစ်ချို့ပြန်လည်ပြည့်
ဝလာတော့သည်။ထုံကျင်နေသောသူ၏လက်ချောင်း
လေးများဟာ တဖြည်းဖြည်းသက်သာလာပြီး၊ အနည်းငယ်လှုပ်ရှားနိုင်လာ၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now