Chapter 29:(ကံကြမ္မာဟူသည်)

1.8K 366 107
                                    

[Unicode]
             - ကံကြမ္မာဟူသည် -

ရှန်ဇယ်ချွမ်းက ဆို၏။

"အို!"

ရှောင်းချီရယ်က သူ လိုချင်သော အဖြေကို မရ​
သောအခါ၊ နောက်ကို ပြန်လှည့်ကြည့်ပြီး မေးလာ
ခဲ့သည်။

"မင်းက ဘာဖြစ်လို့ စကားကို အချေအတင်ပြန်
မပြောတာလဲ?"

ရှန်ဇယ်ချွမ်းက သူ၏ လက်များကို မြှောက်ကာ
ထီးကို ဖွင့်လိုက်ပြီး-

"ကျွန်တော့်ရဲ့အိမ်မှာ သခင်​လေးလို အဖေနဲ့အစ်ကို
မှ မရှိတာ...ဘာသံယောဇဉ် တွယ်စရာမှ မလိုဘူး
လေ။ ဒီတော့ ကျွန်တော်က ဘာ​အကြောင်းနဲ့
အိမ်ပြန်ဖို့ အ​ရေးတကြီး လိုအပ်ရမှာတုန်း?"

ရှောင်းချီရယ်က လက်ကိုင်ပုဝါကို ကောက်ယူလိုက်
ပြီး၊ သူ၏ လည်ပင်းပေါ်က ရေများကို ပြောင်စင်
အောင် သုတ်ပစ်လိုက်သည်။ ထို့နောက် သူက
မတ်တတ်ရပ်လိုက်ပြီး-

"ဟုတ်တာပေါ့!သွင်းကျိုးမှာရှိတဲ့ ကျန့်ရှင်းမင်းသား
ရဲ့ စံအိမ်တော်က အပြတ်ရှင်းထုတ်ခံလိုက်ရပြီးပြီပဲ
။ မင်းလို ရှန်မျိုးရိုးကသာ အိမ်ပြန်သွားရင်၊ အကုန်
လုံးက ပက်ပက်နှက်နှက် ဝိုင်းဆဲကြမှာ အသေအချာ
ပဲ!"

"အဲ့ဒါကြောင့်မလို့ လူတွေ...ပြောကြတာပေါ့!"

ရှန်ဇယ်ချွမ်းက စကားကို ဆက်မပြော​ဘဲ တခဏ
မျှ ရပ်တန့်လိုက်ပြီး၊ ရှောင်းချီရယ်ကို ဖျက်ခနဲတစ်
ချက်ကြည့်လိုက်၏။ ပြီးမှသာ သူက ဆက်၍ ပြော
လာခဲ့၏။

"လူတစ်ယောက်က ကံကြမ္မာ အကြောင်းဖန်လာ
ပြီဆိုရင်၊ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပြန်မရမချင်း
နာကျင်မှုတွေကို ခံစားနေရမှာပဲတဲ့။"

ရှောင်းချီရယ်သည်ကား သူ့အား ကြည့်မနေ​ချေ ။

ထို့အစား ရှောင်ချီရယ်က လက်ကို မြှောက်ကာ
သူ၏ နဖူးပေါ်က မိုးရေစက်များကို သုတ်ပစ်လိုက်
ပြီး၊ စကားဆိုလာလေသည်။

"ဒါဆို မင်းက ဘာလို့ အခုချိန်ထိ အသက်ရှင်နေ
သေးတာလဲ?"

ရှန်ဇယ်ချွမ်းက ပြုံးလိုက်ပြီး၊ သူ့အား ပြန်ပြော
လိုက်သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now