Chapter 14:(ဓါးခုတ်ကောင်)

1.8K 368 29
                                    

[Unicode]
         - ဓါးခုတ်ကောင် -

ရှမ်ဇယ်ချွမ်းသည် ထိုလူ့နောက်ကို လိုက်ကာ
အထဲဝင်လာခဲ့ပြီး၊ လိုက်ကာအပြင်တွင်
ဒူးထောက်လိုက်သည်။

ဧကရာဇ်ရှန်ဒယ်က ကုတင်ခေါင်းရင်းကို
ကိုယ်တစ်ဝက်မှီထားကာ၊ မယ်တော်ကြီး
ကမူ ကုတင်ဘေးတွင် ထိုင်လို့ နေ၏။
ဆေးပန်းကန်လုံးကို ကိုင်းထားသော
ဖန်းရူကွေ့က ရှန်ဇယ်ချွမ်း၏ ပုံစံကို မြင်ရ
စေရန်အတွက် နောက်သို့အနည်းငယ် ဆုတ်
ပေးလိုက်သည်။

ဧကရာဇ်ရှန်ဒယ်က သူ့ကိုယ်သူ အားယူ
ပြီး ပြောလိုက်သည်။

"မဟာလေ့ကျင့်ရေးဌာန(၈)ခုရဲ့ကင်းလှည့်
တပ်ဖွဲ့က ရေကန်ဘေးမှာ မင်းရဲ့ တောက်
တိုမယ်ရအစေခံပေါ်လာတာကို တွေ့လိုက်
တယ်လို့ ပြောတယ်။ ကိုယ်တော် မင်းကို
မေးချင်တာ...သူက အဲ့ဒီမှာ ဘာလုပ်နေ
တာတုန်း?"

ရှန်ဇယ်ချွမ်းက ပြောသည်။

"လျှောက်တင်ပါတယ်အရှင်...ဦးလေး
ကောက နန်းတော်က ဖူကုန်းကုန်းကို
စောင့်နေတာဖြစ်ကြောင်းပါ ။"

"ဘယ်သူ့အမိန့်နဲ့လဲ?"

ရှန်ဇယ်ချွမ်းဟာ ခေတ္တတုန့်ဆိုင်းလိုက်ပြီးမှ
ဦးညွှတ်လိုက်သည်။ သူက ဆို၏။

"ဒီအပြစ်သားရဲ့စေခိုင်းမှုကြောင့်ပါ။"

ဧကရာဇ်ရှန်ဒယ်ကား အနည်းငယ်
ချောင်းဆိုးနေရင်းက-

"မင်းကို ကျောင်းကျွေ့ဘုရားကျောင်း
ထဲမှာ အကျဉ်းချထားတာ ကြာပြီ။
လစဥ်တိုင်း...နန်းတော်က မင်းဆီ
အစားအစာနဲ့ အဝတ်အစားတွေကို
ခွဲတမ်းကျပို့ပေးနေတာကို...ဘယ်လို
ဖြစ်ပြီး မင်းက ရှောင်ဖူကျီနဲ့ အဆက်
အသွယ်ရှိသွားတာလဲ?"

"အရှင်မင်းမြတ်က စိုးရိမ်သောက
ရောက်ပြီး ဒီအပြစ်သားကို ကျောင်းကျွေ့
ဘုရားကျောင်းထဲမှာ ကိုယ့်အပြစ်ကိုယ်
ပြန်လည်သုံးသပ်ခွင့်ပေးခဲ့တယ်။ ဒါက
အရှင်မင်းမြတ်အနေနဲ့ ကျွန်တော်မျိုး
အပေါ်မှာ သနားကြင်နာမှုကို ပြသရုံ
တင်မကဘူး၊ အစားအစာတွေကိုတောင်
ထောက်ပံ့ပေးသေးတာပါ ။ ဒါပေမဲ့
ဒီအပြစ်သားက မကြာခဏ အအေးမိ
နေတော့...အရင်အဖျားဒဏ်တွေနဲ့ပေါင်း
ပြီး နေ့တိုင်း ထူထူထောင်ထောင်ဖြစ်ဖို့
ပိုပိုပြီး ခက်ခဲလာပါတယ်ဘုရား။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now