Chapter 30:(ဝံပုလွေတို့၏ အရှင်သခင်)

1.7K 376 134
                                    

[Unicode]
       - ဝံပုလွေတို့၏ အရှင်သခင် -

ရှောင်းချီရယ်သည် လွန်ခဲ့သော ညက ဒေါသထွက်
နေခဲ့သော သူ၏ အဖြစ်အပျက်ကို မေ့သွားပုံရ၏။
ယခုအခါ၌ သူကား အလောတကောဖြင့် လမ်းမ
တစ်လျောက်လုံး မြင်းကို ဒုန်းစိုင်းစီးလို့သွား​ပေရာ၊
လမ်းဘေးမှ ဈေးသည်များသည် အလန့်တကြား
ဖြစ်သွားကြပြီး မကျေမနပ်ဖြင့် အော်ဟစ်ပြောဆို
နေကြရင်း၊ သူ၏​နောက်တွင် ကျန်​​နေရစ်တော့
သည်။

သူသည် နန်းတော်၏တံခါးဂိတ်ပေါက်သို့ ရောက်
လျှင်ရောက်ချင်း၊ ရှောင်းစံအိမ်တော်မှ မြင်းရထား
လုံးကို မြင်တွေ့လိုက်ရ၏။

ကျောင်‌ဟွေးက ရှောင်းဖန်းရွှိ၏ ကိုယ်စား လိုက်
ကာစ,ကို မ,တင်ပေးလိုက်ရင်း ​စကားပြောလိုက်
သည်။

"ဒုသခင်လေး ဒီကို ရောက်နေပါပြီ!"

ရှောင်းဖန်းရွှိသည် ဒူးတစ်ဖက်ပေါ်တွင် လက်တင်
ထားလျက်ကပင် ရထားလုံးအပြင်ဘက်သို့ လှမ်း
ကြည့်လိုက်ရာ၊ မြင်းကိုယ်စီနှင့် ရောက်လာသော
လူငယ်နှစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏
အကြည့်များက သူ၏ အငယ်ဆုံးသားလေးကို
ကျော်ကာ၊ အနောက်က မြင်းစီးသိပ်မကောင်းသော
လူငယ်တစ်ယောက်ဆီ ရောက်ရှိသွား၏။ သူဟာ စကားပြောတော့မလိုလိုနှင့် အတန်ကြာသည်အထိ
ချိတုံချတုံဖြစ်လို့နေချေ၏။ သို့သည်းတိုင် သူ၏
နှုတ်မှ မည်သည့်စကားကိုမှ ထွက်မလာခဲ့ချေ။

ရှောင်းဖန်းရွှိသည် သူ၏ရှေ့တည့်တည့်သို့ ရှောင်း
ချီရယ်ရောက်လာသောအခါ၊ သူ့သား၏ မျက်နှာ
ထက်က အနည်းငယ် ယောင်ကိုင်းနေသော ဒဏ်ရာ
ကို မြင်သွားခဲ့လေ၏။ သူသည် ရှောင်းချီရယ်အား
မေးလိုက်သည်။

"မနေ့ညက မင်း ဘာတွေလုပ်ခဲ့တာလဲ?"

"ကျွန်တော် ​သောက်ဖို့အတွက် တစ်​နေရာ သွား
ခဲ့တာ...!"

ရှောင်းချီရယ်က မြင်း၏ဇတ်ကြိုးကို ကိုင်ဆွဲကာ
မြင်းကို ရပ်တန့်စေလိုက်ရင်း၊ မြင်းကျာပွတ်ကို ကိုင်
လျက်ဖြင့်ပင် သူ၏ ဖခင်အား မျက်နှာချိုသွေးလိုက်
​ပြီး စကား​ပြောလိုက်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now