Chapter 46:Part 1(အရာရှိ ဧည့်ခံပွဲ)

1.3K 273 26
                                    

[Unicode]
- အရာရှိ ဧည့်ခံပွဲ -

ဟွားရှန်းယီးသည် အမှန်တကယ် တပ်မှူးချုပ် ချီး
ကျူယင်းလောက် အသက်မကြီးသေးပေ။ သူမဟာ ချီးကျူယင်း‌အောက် နှစ်နှစ်ခန့်ပင် ငယ်ရွယ်ပြီး၊ နန်း
တွင်းထဲ၌ နေလာသော ဤရက်များအတွင်း ပုံမှန်
ထက်ပင် ပို၍ ပိန်နေသေးသည်။

ဟွားရှန်းယီးသည် မယ်တော်ကြီး၏ ရှေ့က စားပွဲ
ပေါ်တွင် တင်ထားသော ချီးရှစ်ယွီ၏ ပုံတူပန်းချီကို
ကြည့်ကာ တစ်စုံတစ်ခုကို ခပ်ရေးရေး နားလည်လာ
တော့၏။

မယ်တော်ကြီးက ဟွားရှန်းယီး၏ လက်ကို ကိုင်၍
သူမ၏ လက်ထဲတွင် အချိန်အတန်ကြာအောင် ဆုပ်
ထားရင်း ညှင်သာစွာ ဆိုလိုက်သည်။

"သမီးနဲ့ ချီးရှစ်ယွီက အသက်အရမ်းကွာတယ်ဆိုပေ
မဲ့၊ သူက သမီးကို အရမ်းချစ်မှာပါ..."

ဟွားရှန်းယီးသည် သူမ၏ ခရမ်းရောင် နန်းတွင်း
ဝတ်စုံကို ခပ်ဖွဖွလေးကိုင်လျက်၊ မယ်တော်ကြီး၏
ဒူးခေါင်းပေါ်တွင် ခေါင်းလေးတင်လို့ထား၏။ မယ်
တော်ကြီးက ဟွားရှန်းယီး၏ ဆံနွယ်များကို ညှင်
သာစွာ ပွတ်သပ်ပေးလိုက်ပြီး -

"သမီးရဲ့ အ‌တွေးတွေထဲမှာ နစ်နာတယ်ဆိုတဲ့ အ
တွေးမျိုးတွေ မတွေးရဘူးနော်...ဟွားမျိုးနွယ်ရဲ့
သမီးငယ်မှန်သမျှက မျိုးနွယ်အတွက် ဒီလိုပေးဆပ်
ကြရတာချည်ပဲမို့လို့....ကူးမူပြောတာကို သမီးယုံ
ကြည်ထားရမယ်...သမီး သူ့ကို လက်ထပ်ပြီးပြီဆို
တာနဲ့၊ နောင်နှစ်အနည်းငယ်ကြာလို့ ရှိရင်၊ သမီးက ချီသုန်းဒေသ(၅)ခုရဲ့ ကျက်သရေဆောင် သခင်မ
လေးတစ်ပါးဖြစ်လာတော့မှာ..."

[T/N: ကူးမူ = အဒေါ်၊ ဟွားရှန်းယီက မယ်တော်
ကြီးရဲ့ တူမတော်ပါ။ ]

နန်းဆောင်ထဲ၌ အမွှေးနံ့သာတိုင် ထွန်းညှိပြီးသော
အခါ၊ လျှို့ရှန်းကူးကူသည် အစေခံများနှင့် မိန်းမစိုး
များအားလုံးကို ခြေဟန်လက်ဟန်ပြကာ ထွက်သွား
ခိုင်းလိုက်သည်။

ဟွားရှန်းယီက နွမ်းလျစွာ ပြုံးလျက် -

"သမီးက ကူးမူကို ထားရစ်ခဲ့ရမှာကိုပဲ စိတ်မ
ကောင်းဖြစ်နေတာပါ...ချန်ကျွင့်ဒေသဆိုတာ ချွိတူး
မြို့တော်နဲ့ အဝေးကြီးဆိုတော့: ကူးမူကို တွေ့ချင်တဲ့ အချိန်တိုင်း၊ သမီးမှာ တစ်နှစ်လောက် စောင့်နေရ
မှာ!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now