Chapter 57:Part II(အမှုပိတ်သိမ်းခြင်း)

1K 227 29
                                    

[Unicode]
- အမှုပိတ်သိမ်းခြင်း -

နောက်တစ်နေ့ မနက်ခင်း၌....

လီကျန့်ဟန်သည် မနက်ခင်းညီလာခံအား အလျင်စ
လို ရုတ်သိမ်လိုက်ပြီး၊ အရေးကြီးသော အရာရှိများ
ကိုသာ မင်လီခန်းမထဲတွင် နေရစ်ခဲ့ရန် မိန့်ကြား
လိုက်သည်။ ယခုအခါ၌ သူသည် ဝန်ခံချက်စာတမ်း
တစ်ခုလုံးကို ဖတ်ပြီးပြီဖြစ်သဖြင့်၊ မည်သည့်စကား
တစ်ခွန်းမှ မပြောဘဲ၊ အတန်ကြာအောင် တိတ်ဆိတ်
ငြိမ်သက်နေမိသည်။

ထိုအချိန်၌ လီကျန့်ဟန်၏အောက်ဘက်ရှိ ဟိုင်လျှန်
ယီမှာ နာလန်ထူခါစ ရှိသေးသဖြင့်၊ လီကျန့်ဟန် ချီး မြှင့်ထားသော ဆိတ်နို့ပူပူလေးကို သောက်သုံးနေရာ၊ ဟိုင်လျှန်ယီ၏ တစ်ကျိုက်နှင့် တစ်ကျိုက် မျိုချသံ
မှာလွဲ၍၊ ခန်းမတစ်ခုလုံးရှိ လူများသည်လည် မည့်
သည့်စကားတစ်ခွန်း မဆိုကြပေ။

လီကျန့်ဟန်သည် အချိန်အတန်ကြာသောအခါမှ သူ
၏ စိတ်များကို စုစည်းလိုက်ပြီး၊ တည်ငြိမ်စွာ ဆို
လိုက်သည်။

"ကိုယ်တော်တို့က ဘာဖြစ်လို့ ချိုက်ဝေ့နန်းတော်ကို
သွားပြီး စစ်ဆေးရမှာလဲ? ယွမ်လျှိုကိုတောင် အခု
ချိန်ထိ ပြီးအောင် မစစ်ဆေးရသေးဘူးမို့လား?"

ခုန်ကျိုးက လီကျန့်ဟန်၏ စကားများကို ပြန်လည်
ချေပလိုက်သည်။

"ဒီကိစ္စက တော်ဝင်မောင်းမဆောင်နဲ့ ပတ်သတ်နေ
တာကြောင့်...အရှင်မင်းမြတ်ကပဲ စီရင်ထုံးကို ပြ
ဌာန်းပေးသင့်ပါတယ်!"

လီကျန့်ဟန်သည် ချက်ချင်းပင် စိုးရိမ်စိတ်ဝင်လာခဲ့
ပြီး၊ ခုန်ကျိုးအား လေသံမာမာဖြင့် ပြောလိုက်၏။

"ဘာစီရင်ထုံးလဲ?ဖူလင်မိန်းကလေးက ချိုက်ဝေ့နန်း
တော်ကို သွားတယ်ဆိုရင်တောင်၊ အဲ့ဒါက...တော်ဝင်
ကိုယ်လုပ်တော် မုနဲ့ ပတ်သတ်နေတယ်ဆိုတာ ယုတ္တိ
မှ မရှိတာ! အဲ့ဒီယင်ကျူးပြောတာတွေကို မှန်းလား
၊မှားလားဆိုတာ အိုက်ချင်းတို့ ခွဲခြားတတ်လို့လား?"

ဟိုင်လျှန်ယီက ရုတ်တရက် ဝင်၍ တည်ငြိမ်စွာ ဆို
လိုက်သည်။

"ကျွန်တော်မျိုးအမြင်ကတော့...အဲ့ဒါက မှားနေ
တယ်လို့ပဲ ထင်ပါတယ်ဘုရား!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now