Chapter 26:(ဆီးနှင်းဖြူဖြူ)

1.7K 390 217
                                    

[Unicode]
- ဆီးနှင်းဖြူဖြူ -

တော်ဝင်ကိုယ်လုပ်တော် ဝေ့သည် လမ်းလျှောက်
နေရင်း ရင်တမမ,ဖြစ်လို့ နေသည်။ သူမက သူမ၏
ပတ်ပတ်လည်ရှိ စိမ်းသက်လို့နေသော နံရံများကို
ကြည့်ကာ၊ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးလာခဲ့
သည်။

"ကုန်းကုန်း, ကျွန်မတို့ အခုထိ မရောက်သေးဘူး
လား? မယ်မယ်ကရော ဘယ်မှာလဲဟင်?"

သူမ၏ ရှေ့က ဦးဆောင်သွားနေသော မိန်းမစိုး
သည် သူမအား လျစ်လျှူရှုလို့ ထား၏။

တော်ဝင်ကိုယ်လုပ်တော် ဝေ့သည်ကား ဤကဲ့သို့
တိတ်ဆိတ်ပြီး၊ ချောင်ကျသည့် နေရာသို့ ရောက်
သောအခါ၊ သူမ၏ ကြောက်ရွံ့စိတ်များသည် ပို၍
တိုးပွားလာခဲ့ပြီး၊ ကြက်သီးမွှေးညှင်းများပင် ထ,
လာတော့သည်။ သူမက လမ်းလျှောက်နေတာကို
ခေတ္တရပ်လိုက်ကာ ဗိုက်အောင့်ချင်ယောင်ဆောင်
လျက်၊ နောက်ကြောင်းကို ပြန်လှည့်ချင်သည့် အရိပ်
အယောင်များပြလာတော့၏။

သူမသည် အရှေ့မှဦးဆောင်သွားနေသော မိန်းမစိုး
အား အရင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးချေ။ သူ
သည် သူမ တွေ့နေကျ ပုံစံမဟုတ်သည့်အပြင် ငယ်
ရွယ်ပုံလည်း ပေါက်နေ၏။ ထိုမိန်းမစိုးက နောက်ကို
ပြန်လှည့်ကြည့်ကာ သူမအား ‌နူးနူးညံ့ညံ့ပြောလာ
တော့သည်။

"ကျွန်တော်မျိုးတို့ မကြာခင်ရောက်တော့မှာပါ။
ကိုယ်လုပ်တော် ဝေ့ကို ကူတွဲပေးလိုက်ကြဦး!
သူမ လဲကျသွားလို့ မဖြစ်ဘူးနော်!"

ထိုအခါ သူမ၏ ဘေးမှ ကပ်လျက်လိုက်ပါလာကြ
သော မိန်းမစိုးများသည် သူမကို ချက်ချင်းကူတွဲ
ပေးလိုက်ကြ၏။ သို့ပေသိ တော်ဝင်ကိုယ်လုပ်တော်
ဝေ့သည် ဤအခြေအနေအား ယခုထက်ပို၍ သည်း
မခံနိုင်တော့ပေ။ သူမဟာ စတင်ရုန်းကန်လာပြီး ၊
အော်ဟစ်ကာ အကူအညီတောင်းရန် အတင်းကြိုး
စားလာတော့၏။ သို့သော်လည်း မိန်းမစိုးများက
သူမ၏ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ကာ လျှင်မြန်
စွာ ဆွဲမ,သွားပြီး၊ ရှေ့ဆက်သို့ အမြန်ခရီးဆက်
သွားကြသည်။

သူတို့သည် ထိုသို့ရှေ့ဆက်လာရင်း လူသူကင်းမဲ့နေ
သော ခြံဝင်းတစ်ဝင်းထဲသို့ ဝင်သွားခဲ့သည်။ထိုခြံဝင်း
ထဲတွင် ရေတွင်းပျက်တစ်ခုရှိနေပြီး၊ ၎င်း၏
အောက်ခြေတွင် ရေအနည်းငယ်ကျန်ရှိလို့ နေ၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now